Useful Android Apps Collection
*****
Happy April Fools Day!!!
*****
Categories: Uncategorized
Facebook ကို Password သုံးမျိုးနဲ့ ဝင်မယ်
August 10, 2012 Leave a comment
အားလုံးမင်္ဂလာပါ ။ စာဖတ်သူတို့ ၁၅ မိနစ်ခန့် အချိန်ပေးယုံဖြင့် မိမိတို့ ပေးလိုက်ရတဲ့အချိန် အလကား မကုန်ဆုံးစေဘဲ တခုခုရရှိစေမယ့် စာတိုလေးတွေရေးချင်တာနဲ့ ရေးလိုက်ပါတယ်။ လူအများစုတော့ သိပြီးသားဖြစ်ကောင်းဖြစ်မယ်ထင်ပါတယ်။
ဒါဆို ဘာလို့  Facebook ကအဲလို ခွင့်ပြုထားသလဲ?
According to Facebook :
We accept three forms of the user’s password to help overcome the most common reasons that authentic logins are rejected. In addition to the original password, we also accept the password if a user inadvertently has caps lock enabled or their mobile device automatically capitalizes the first character of the password.
တကယ်လို့ များ ကျနော်တို့ တွေ သတိမထားမိဘဲ CAPS Lock Keys တွေကို ဖွင့်ထားမိမယ်ဆိုရင် အထက်ဖော်ပြပါ နည်းလမ်းတွေနဲ့ အသုံးပြုဝင်ရောက်လို့ ရအောင်ပါ။
Categories: facebook Tags: ,
ကျနော် သိသော Android အကြောင်း (5)
How to Create a Button on Android
ဒီတပတ်တော့ Android ပေါ်မှာ Button တွေဘယ်လို တည်ဆောက်တယ်ဆိုတာလေ ကို tutorial လေးတခုပြချင်ပါတယ်။ ပြီးတော့ Android App  တခုမှာပါဝင်တဲ့ ဖိုင်တွေအကြောင်းလဲ အနည်းငယ်တင်ပြဆွေးနွေးလိုပါတယ်။
ပထမကတော့ Android installation လုပ်ပုံကို ရေးသားမလို့ ပါဘဲ။ ဒါပေမယ့်အရမ်းလဲမခက်ခဲတဲ့ အတွက် မရေးသားဖြစ်တော့တာပါ။ သင့်အနေနဲ့ Android SDK မသွင်းထားရသေးဘူးဆိုရင်တော့ http://developer.android.com/ သွားရောက်ကာ မိမိအသုံးပြုနေတဲ့ OS အလိုက် SDK ကို download ပြုလုပ်ကာ သွင်းပါ။ SDK မသွင်းခင် JDK ကို အရင်သွင်းပါ။ ဒီအဆင့်တွေက one click install တွေမို့ အဆင်ပြေမှာပါ။ ကျနော်တို့ အတွက် ပြဿနာက အရမ်းနှေးတဲ့ ကွန်နက်ရှင်မှာ platform tools တွေဒေါင်းရမယ့်ပြဿနာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။
Android မှာ Button တခုရေးဖို့ ဘာမှမခက်လှပါဘူး android.widget.Button ဆိုတဲ့ class လေးကို သုံးပြီး သာမန် button တခုကို ရေးသားလိုက်တာပါပဲ။  ခုရေးသားမယ့် post လေးမှာတော့ button လေးကို နှိပ်ရင် web page တခုသွားမယ် ပြီးရင် Android ရဲ့ browser ပေါ်မှာ website လေးပြသမယ်ပေါ့။
ပထမဦးဆုံးအနေနဲ့  Eclipse တွင် File > New > Other > Android Project ကိုရွေးပါ။ Eclipse ကိုပထမဆုံး run ချိန်မှာသာ Android Project ကို ယခုနည်းနဲ့ ခေါ်ယူရသော်လည်း နောက်အခေါက်များမှာတော့ File > New > Android Project အဖြစ် တိုက်ရိုက် ခေါ်ယူနိုင်ပါတယ်။
(၁) New Project Prompt box (Dialog windows) တွင် ဖြည့်စွက်ရမှာတွေက အနည်းငယ် ရှင်းပြလိုပါတယ်။ ပထမဆုံး အနေနှင့် ကျနော်တို့  Project Name ကိုဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဒီလို ပရောဂျက် နာမည်ကို သတ်မှတ်ရာမှာ ကွက်လပ်မခြားဘဲ (space မပါဝင်ပဲ) စကားလုံး တစ်လုံးတည်းဖြစ်အောင် ပေးရပါမယ်။ အကောင်းဆုံးကတော့ CamelCase Naming system ပဲဖြစ်ပါတယ်။ (CamelCase ဆိုတာကတော့ iPad ၊ iPhone  ၊ MacDonald တို့ လို့ တစ်လုံးနှင့် တလုံးကြား space ကွက်လပ်များ ပါဝင်ခြင်းမရှိပဲ စကာလုံး တစ်လုံးတည်းအဖြင့် ရေးသားတဲ့ပုံစံကို ဆိုလိုခြင်းဖြစ်ပါတယ်) ဒီလို ရေးသား နာမည်ပေးရာတွင် သက်ဆိုင်၇ာ ပရောဂျက်နှင့်လိုက်ဖတ်ဖို့ တော့လိုပါသည်။ ယခု ကျနော်တို့ ပရောဂျက်သည် button တခုစမ်းသပ်တဲ့ ပရောဂျက်ဖြစ်တဲ့အတွက် ButtonTutorial ဆိုပြီ meaningful ဖြစ်သော နာမည်မျိုးပေးသင့်ပါတယ်။ Project Name သည် Eclipse ၏ တည်ဆောက်မှု Eclipse construct ဖြစ်သည်။  Eclipse သည် အရာအားလုံးကို project များအဖြစ် သီးခြားစီခွဲထုတ် စုစည်းထားသည်။
Image
Read more…
Categories: Uncategorized
ကျွန်တော်သိသော Android အကြောင်း (၄)
ပထမတော့ ကျနော် Android SDK & Java SDK installation လုပ်ပုံ နဲ့ Hello World Program တခုရေးပြီး မိတ်ဆက် မလို့ ပါပဲ။ ဒါပေမယ့် Android အကြောင်းကို ပိုပြီးနက်နက်နဲနဲသိစေချင်တာနဲ့ ဒါလေးရေးဖြစ်သွားတာပါ။
ယခုအပိုင်းမှာ Activities တွေအကြောင်းကို ပြောချင်ပါတယ်။ ၄င်းဟာ ဘယ်လောက်အရေးကြီးကြောင်း မပြောလိုပေမယ့် လေ့လာဖတ်ရှု့ရင်းနဲ့ Mobile device တွေအတွက် အသက်တခုပဲဆိုတာ သဘောပေါက်လာမယ်ထင်ပါတယ်။
Activities ဆိုတာဘာလဲ?
Activity ဆို Android Application တခုရဲ့ component တခုလို့ ပြောလို့ ရပါတယ်။ အလွယ်ဆုံးပြောရရင် အသုံးပြုသူ (user) ဟာ Application တခုကိုသုံးနေတဲ့အချိန်မှာ Screen ပေါ်မှာပေါ်နေတာ မြင်နေရတာကို Activity တခုလို့ ပြောလို့ ရပါတယ်။ ဥပမာ ကျနော်ကသူငယ်ချင်းတစ်ယောက်ရဲ့ ဆက်သွယ်ရန်လိပ်စာ (Contact Address) တခုကိုရေးမှတ်နေတယ်ဆိုပါစို့ ။ အဲဒီအချိန်မှာ မြင်နေရတဲ့ screen ဟာ Activity တခုပါ။ Application တခုမှာ Activities တွေအများကြီးရှိနိုင်ပါတယ်။ ပြီးတော့ ကျနော်တို့ ကလဲ Activities တွေကို တခုကနေ တခုကို  အပြန်အလှန် ကူးပြောင်းအသုံးပြုနေပါတယ်။ user နဲ့ လုံးဝ interaction ရှိတဲ့သဘောပါ။
Android Activity Life Cycle
ဒါကို လွယ်ကူတဲ့ ဥပမာ တခုပေးရမယ်ဆိုရင် ကျနော်တို့ Website ကြည့်ရှု အသုံးပြုချင်းနဲ့  ဥပမာပြနိုင်ပါတယ်။ ကျနော်တို့ website တခုကို ကြည့်ရှု အသုံးပြုတဲ့အခါမှာ ၄င်းမှာ webpage တွေအများကြီးရှိတာ သတိထားမိမှာပါ။ ဒီ Webpage တွေကို ကျနော်တို့ က activities  တွေအဖြင့် မြင်ကြည့်ရအောင်လား။ ပြီးတော့ ကျနော်တို့ Webpage တခုကနေ တခုကို ဟိုသွားလိုက် ဒီသွားလိုက်နဲ့ လှည့်ပတ်ကြည့်ရှုကြပါတယ်။ Website တခုမှာ Home Page ရှိသလိုပဲ ကျနော်တို့ ရဲ့ Android app တခုမှာလဲ main activity ဆိုတာရှိပါတယ်။ Main Activity ဟာ ကျနော်တို့ application ကို စတင် launch လုပ်လိုက်တဲ့အခါ ပေါ်လာတဲ့ screen ပေါ်မြင်ရတဲ့ activity ပါပဲ။ Website တွေမှာ Webpage အချင်းချင်း Links ဖြင့် ချိတ်ဆက်ညွှန်းတာသတိထားမိမှာပါ။ ဒီလိုပါပဲ Android app တွေမှာလဲ activity တခုကနေ တခုကို ချိတ်ဆက် အလုပ်လုပ်နေပါတယ်။ ဥပမာ ကျနော်က ဓါတ်ပုံရိုက်တဲ့ application ကိုသုံးနေတယ် ရိုက်ပြီးတော့ save လုပ်တယ်။ နောက် Edit လုပ်ချင်ရသေးတယ် အဲလို တခုကနေတခုကို ကူးပြောင်းချိတ်ဆက်နေတာကိုဆို လိုချင်တာပါ။ နောက်ပြီး Website တခုကနေပြီး အခြား website တခုကို Link ချိတ်ဆက်ပြီး ညွှန်းတာကိုလဲ သတိပြုမိမယ်ထင်ပါတယ်။ ဒီလိုပါပဲ  Android app တခုကနေ တခုကို ပြောင်းလဲချိတ်ဆက်ကာ ခေါ်ယူအသုံးပြုနိုင်ပါတယ်။ ကျနော် တို့ Facebook application တခုကိုသုံးနေတယ်ဆို ပါစို့ ။ ကျနော်တို့ ဓါတ်ပုံတင်ချင်တယ်ဆို camera application ကိုချိတ်ဆက်ပြီး ခုဏရိုက်ထားတဲ့ပုံကို တင်မလား ဒါမှမဟုတ် အသစ်ရိုက်မလားဆိုပြီး application တခုကနေတခုကို ပြောင်းလဲ ချိတ်ဆက်ကာ ခေါ်ယူအသုံးပြုပါတယ်။ Read more…
Categories: Uncategorized
ကျနော် သိသော Android အကြောင်း (၃)
February 10, 2012 Leave a comment
အားလုံး မင်္ဂလာပါလို့  ဦးစွာ နှုတ်ခွန်းဆက်ပါရစေ။ ယခုအပိုင်းမှာတော့ ကျနော် Android Run Time မှာပါဝင်တဲ့ Dalvik Virtual Machine  ရဲ့  အလုပ်လုပ်ပုံကို အနည်းငယ်တင်ပြဆွေးနွေးလိုပါတယ်။
Dalvik VM ဆိုတာဘာလဲ?
Dalvik VM ဆိုတာ ၂၀၀၅ ခုနှစ်လောက်မှာ Android mobile ကိရိယာများအတွက် အထူးသီးသန့် ဒီဇိုင်းထုတ်ပြီး Google မှ Engineer ဖြစ်သူ Dan Bornstein ဦးဆောင်သော အဖွဲ့  က တည်ဆောက်ထားတဲ့ Virtual Machine ဖြစ်ပါတယ်။
Java Virtual Machine  ( JVM )
ဒီနေ ရာမှာ ကျနော် Java Virtual Machine ကို Android mobile devices များအတွက် သီးသန့် အထူးထုတ်လုပ်ထားတဲ့ထုတ်လုပ်ထား Dalvik Virtual Machine နှင့် အနည်းငယ် နှိုင်းယှဉ် တင်ပြလိုတာကြောင့် JVM ကို ဦးစွာ ရှင်းလင်းတင်ပြပါရစေ။
အောက်က ပုံကို တချက်ကြည့်ပေးပါ။
သင်ကြိုက်နှစ်သက်ရာText Editor (ဥပမာ -Notepad လိုမျိုး ရေးသားပြင်ဆင်နိုင်တဲ့ ပရိုဂရမ်တစ်မျိုး) မှာ ကျနော်တို့  Java Program တခုကိုေ၇းသားနိုင်ပါတယ်။
example HelloWorld java program
public class HelloWorld{
public static void main (String[] args){
System.out.println(“Hello World”);
}
}
Read more…
Categories: Android, Java, Mobile
ကျနော် သိသော Android အကြောင်း (၂)
February 1, 2012 Leave a comment
အရင် ကျနော်သိသော Android အကြောင်း အပိုင်းမှာ တုန်းက နည်းပညာပိုင်း ဆိုင်ရာ အသုံးနှုန်းပိုင်း အနည်းငယ်သာ ပါဝင်အောင် ရေးးသားခဲ့ပြီး မည်သူမဆို ဖတ်ရှု့ လို့ ရနိုင်မယ့် အခြေအနေမျိုး တင်ပြခဲ့ပါတယ်။ ယခု အပိုင်း (၂) မှာတော့ နည်းပညာပိုင်းဆိုင်ရာ စကားလုံးများ အသုံးနှုန်းများ အနည်းငယ်ပိုမို ပါဝင်လာမှာဖြစ်တယ်ဆိုတာ ဦးစွာပထမ အသိပေးပါရစေ။ ယခု အပိုင်း (၂) မှာ Android ကို ဘယ်လို ဘယ်ပုံဖွဲ့ စည်းထားလဲဆိုတာကို ကျနော်သိသလောက် အတက်နိုင်ဆုံးတင်ပြ ရေးသားသွားမှာပါ။ လိုအပ်ချက်တွေရှိနေခဲ့ရင် မှားယွင်းနေတာများရှိရင်လဲ စာဖတ်သူတို့ ရဲ့ အတွေ့ အကြုံကိုလဲ ချက်ခြင်းဝေမျှပေးဖို့ ထောက်ပြဝေဖန်ပေးဖို့ ကြိုတင်ပန်ကြားအပ်ပါတယ်။ ဒါမှ ပိုပြီးမှန်ကန် ကောင်းမွန်တဲ့ အချက်အလက်တွေလူအများဆီကိုရောက်နိုင်မယ်လို့  ကျနော်ထင်ပါတယ်။
Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?
ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့  စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့ စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။ Read more…
Categories: Android, Java, Linux, Mobile
How to install Cracked Apps on iOS 5
January 27, 2012 1 comment
If you want to install cracked applications to your iPad, iPod Touch or iPhone, you have to do jailbreak your devices first.
After jailbreaking your devices, you have to lunched Cydia. Then, find the Sources section  on the Manage Tab. Touch to Edit button in the top right hand corner of your iDevices screen.
Tab the Add Button in the top left corner of your iDevices screen and type the following source;
http://cydia.hackulo.us
AppSync
Read more…
Categories: iPad
How to Disable Ubuntu Login Sound
January 26, 2012 1 comment
Sometime, Ubuntu login sound makes us difficult to turn on our PC when we are in conference room, meeting room, class room and so on. Because all of the people will notice us, if our Ubuntu login sound will come out loudly. This tutorial post is intended to disable login sound on your Ubuntu. Here is how to disable your Ubuntu Login sound.
Open terminal, and copy and paste the following command to your terminal:
gksudo gedit /usr/share/gnome/autostart/libcanberra-login-sound.desktop
Go at the bottom of the file and set NoDisplay=false. Then, save this file. Open the Startup Applications . Deslect the Gone Login Sound in the following screenshot.
Categories: Ubuntu
ကျနော် သိသော Android အကြောင်း
January 26, 2012 3 comments
What is Android?( Android ဆိုတာ ဘာလဲ)
Android လို့ ပြောလိုက်တာနဲ့ ကျနော်တို့ တတွေမျက်လုံးထဲမှာ အစိမ်းရောင် စက်ရုပ်ကလေးကတာ့ မြင်ယောင် နေမယ်ထင်တယ်။ မြန်မာ mobile ဖုန်းအသုံးပြုသူအများစုကတော့ Android ဆိုတဲ့နာမည်ကို တီးမြည့်ခေါက်မည့်ရှိပြီးသားဖြစ်မှာပါ။ အခုမှ ဘာလို့  ထရေးရလည်းဆိုတော့ မသိသေးတဲ့သူတွေလဲ သိရအောင် ကျနော်သိထားတဲ့ Android အကြောင်းလေး အနည်းငယ်ကို ဝေမျှတဲ့သဘောလောက်ပါပဲ။
androidlogo
တကယ်တော့ Android ဆိုတာ Linux Kernel ကိုအခြေခံရေးသားထားတဲ့ Operating System တခုဖြစ်ပါတယ်။ mobile ကိရိယာများ ဖုန်းများနဲ့  tablet computer တွေအတွက် အဓိက ရည်ရွယ်ပြီး ထုတ်လုပ်ထားသော အသုံးပြူရလွယ်ကူတဲ့ Open source platform တခုဖြစ်ပါတယ်။ Android ကုမ္မဏီကို ၂၀၀၃ အောက်တိုဘာလောက်က Andy Rubin ၊ Rich Miner ၊ Chris White ၊ Nick Sears တို့ တတွေ က US California မှာ တည်ထောင်ခဲ့ ကြပါတယ်။ mobile phone တွေအတွက် သူတို့ တွေကြိုးပန်းနေရင်း Rubin တစ်ယောက် ငွေကြေး အဆင်မပြေမှုတွေ စတင်လာခဲ့ပါတော့တယ်။၂၀၀၅ လောက်မှာတော့ ကျနော်တို့ အားလုံးသိပြီးသားဖြစ်တဲ့ နာမည်ကြီး Google က Android Inc. ကို ၀ယ်ယူလိုက်ပါတော့တယ်။ အဲဒီအချိန်မှာ ကျနော်တို့ အားလုံးက တော့ Google ကတော့ Mobile လောကထဲ ၀င်လာတော့မယ်လို့ သုံးသပ်ထင်မြင် နေကြတာပေါ့။ Google ဖုန်းထွက်ပေါ် လာလိမ့်မယ် ဆိုပြီး ထင်မြင်ချက်တွေ ပေးပြီး မျှော်လင့်နေပေမယ့် Google ဟာ တိတ်ဆိတ်ငြိမ်သက်စွာနဲ့ အသံတိတ်နေခဲ့ပါတယ်။ အချိန် အတော်ကြာ Google က ဘာထူးခြားမှုမှ မလုပ်ခဲ့ပါဘူး။
ဒါပေမယ့် ၂၀၀၇ ခုနှစ်လောက်မှာ Google က OHA (Open Handset Alliance ) အဖွဲ့ ကိုစတင် ဖွဲ့ စည်းတည်ထောင်တယ်ဆိုတာ ကြေငြာ လိုက်ပါတယ်။ တဆက်တည်း Android ကို Open Source လွတ်လပ်သော မည်သူမဆို ရယူသုံးစွဲနိုင်သော အရင်းမြစ် (ပွင့်လင်း ရင်းမြစ်) အဖြစ် တရားဝင်ကြေငြာလိုက်တဲ့အချိန်မှာ အားလုံး မျက်သေသေကုန်ကြရလောက်အောင်ဖြစ်ခဲ့ရပါတယ်။ ဒီနေရာမှာ OHA အဖွဲ အကြောင်းအနည်းငယ် ဝေမျှရှင်းလင်းလိုပါတယ်။
What is Open Handset Alliance (OHA)?
Open Handset Alliance အဖွဲ့ ကြီးဟာ mobile ကိရိယာများအတွက် open standard တွေကို အကောင်ထည်ဖော်ဖို့  mobile ကိရိယာတွေထုတ်လုပ်တဲ့သူတွေ နောက် mobile နက်ဝက်ကွန်ယက် ၀န်ဆောင်မှုရောင်းချမှုလုပ်တဲ့သူတွေ နဲ့ mobile နှင့် သက်ဆိုင်တဲ့ အခြားသက်ဆိုင်တဲ့အဖွဲ့ စည်းတွေ ပူးပေါင်းတည်ထောင်ထားသော Non -Profit အဖွဲ့ ကြီး တဖွဲ့ ဖြစ်ပါတယ်။ OHA က mobile users တွေကို ပိုမိုကောင်းမွန်တဲ့ Features တွေ ပေးနိုင်ဖို့  တီထွင်ဆန်းသစ်မှုတွေ ပိုပြီး တိုးတက် ပွင့်လင်းလာဖို့ ဈေးသက်သာတဲ့ mobile ဆက်သွယ်ရေးရရှိဖို့  ရည်ရွယ် ဦးတည်ပါတယ်။ Android ဟာ Google ကပဲ ပိုင်ဆိုင်တဲ့ အနေအထားတင် မဟုတ်တော့ဘဲ OHA က ပိုင်ဆိုင်တဲ့အခြေအနေဖြစ်သွားတဲ့သဘောပေါ့။ OHA အဖွဲ့ ကြီးမှာ Google, Sony , HTC, Samsung, LG, T-Mobile , Nividia, Dell စတဲ့ ကုမ္ဗဏီကြီးတွေပါဝင်ပါတယ်။
OHA
ဒီနေရာမှာ အရင်တုန်းကလို ကုမ္ဗဏီကြီးတွေဟာ သက်ဆိုင်ရာ နယ်ပယ်အလိုက် ရပ်တည်ချင်းမရှိတော့ပဲနယ်ပယ်စုံမှာ ပါဝင်လှုပ်ရှားလာတာကိုသတိပြုရမှာပါ။ အရင်ကလို Google ဟာလည်း Search Engine နယ်ပယ်တင်မကတော့ပဲ mobile phone နယ်ပယ် လူမှုဆက်သွယ်ရေး နယ်ပယ်တွေအထိဝင်ရောက်လုပ်ကိုင်လာတာကို သတိပြုမိကြမှာပါ။
Google က၂၀၀၇ ခုနှစ်မှာ OHA ကိုတည်ထောင်ကြောင်းနှင့် Android ကို Open Source ဖြစ်ကြောင်းကြေငြာပြီးတဲ့နောက် ၂၀၀၈ ခုနှစ်မှာ Android SDK (Software Development Kit) version 1.0 ကို စတင်ဖြန့် ချီလိုက်ပါတယ်။ သိပ်တောင် မကြာလိုက်ပါဘူး T-Moblie ဆက်သွယ်ရေး ၀န်ဆောင်မှု ကုမ္ဗဏီက US မှာ HTC ကထုတ်တဲ့ G1 mobile ဖုန်းမှာ စတင်အသုံးပြုခဲ့ပါတယ်။
၂၀၀၉ -၂၀၁၀ လောက်မှာတော့ Android အသုံးပြုတဲ့ ဖုန်းတွေ Tablet computer တွေ device တွေဟာ မှိုလိုပေါက်အောင် ထွက်ပေါ်လာခဲ့ပါတော့တယ်။ Android ဟာ Open Source ဖြစ်တာကြောင့် အချို့ သောထုတ်လုပ်သူတွေဟာ မိမိတို့ လိုအပ်ချက်အလိုက်ပြင်ဆင်ထုတ်လုပ်ထားတဲ့ မူကွဲတဲ့ Version အသစ်တွေ (Donut , Eclair , Cupcake ) ဟာလဲ အတော်များများထွက်ပေါ်လာတယ်။ ခုဆို Smart phone လောကထဲမှာ ထိပ်တန်းကို တိုးထွက်လာခဲ့ပြီး ခေါင်းဆောင်ဖို့ တောင် ဖြစ်နေပြီပဲ။ နေ့ စဉ် Android User တွေဟာလဲ တိုးပွားလျှက်ရှိပါတယ်။
Android ဟာ developer တွေအတွက်တော့တကယ့်ကို ပြည့်စုံကောင်မွန်တဲ့ နတ်ဘုရားသခင်တပါးလိုပါပဲ။ လူသားတွေအတွက် အကြိုးပြုစက်ရုပ်လေး ပေါ့ဗျာ။ကျနော်တို့ တွေ Android Touch Screen ဖုန်းတွေကို ဈေးသက်သက် သာသာ အရည်သွေးကောင်းကောင်းမွန်နဲ့  သုံးနိုင်တာဟာ Open Souce ဖြစ်တာကလဲ တကယ့်ကို အရေးကြီးတဲ့ အပိုင်း တခုပါ။ ပိုပြီးကောင်းမွန်အောင် ဖန်တီးပြုပြင်၇င်း ပိုပြီးကောင်းမွန်လာခဲ့တာပါပဲဖြစ်ပါတယ်။ ဒီထက်လဲ ပိုကောင်းလာကြအုန်းမှာပါ လူသားတို့ ရဲ တီထွင်ဖန်တီးနိုင်မှုကို ဘောင်တွေဖယ်ရှားပေးလိုက်တာ လူသားတွေအတွက် အကြီးမားဆုံးအထောက်အပံ့ဖြစ်စေတာ အားလုံးသတိပြုမိမှာပါ။ ဒါဟာ Open Source ဖြစ်တာကြောင့်ပဲမဟုတ်ပါလော။ Android ဟာ ဘယ်သူမဆို ရယူသုံးစွဲနိုင် တာ ပြုပြင်နိုင်တာတာ လွတ်လပ်စွာ ဆင့်ပွားအသုံးပြုနိုင်တဲ့ မူပိုင်ခွင့် အမျိုးစားထဲကပါ။ ဒီလို Open Source လုပ်တဲ့နေရမှာ တကယ့် Meaching Level မှာအလုပ်လုပ်တဲ့ Low Level Linux module တွေအထိ နောက် Android သုံး ကိရိယာ ဘယ်ကိရိယာပေါ်မှာမဆို အလုပ်လုပ်တဲ့ code အစုအဝေး code library ဖြစ်တဲ့ Native Library တွေ Application Framework တွေ အိုး နောက်ဆုံးအဆင့် complete application တွေထိအောင် မည်သူမဆို မည်သည့် developer မဆို ရယူသုံးဆွဲ နိုင်တဲ့ Open Source ပဲဖြစ်ပါတယ်။ တချို့ သိပ်ပြီး ၀ါသနာကြီးလွန်းတဲ့ developers တွေဆို application lelvel ကနေ Kernel အထိဆင်းကုန်ကြတော့တာပါပဲ။ ဒီလိုတွေကြောင့် developer တစ်ယောက်ဘက်ကကြည့်မယ်ဆိုရင် platform တခုလုံးရဲ့  source ကိုသိရှိနိုင်မှတော့ Operating System တခုလုံးဘယ်လိုတည်ဆောက်ထားလဲဆိုတာ လုံးဝအသေးစိတ်နားလည်နိုင်ပါတယ်။ ဒီတော့ သူ့ အတွက် ရေးသား develop လုပ်မယ့် applications တွေဟာ OS ပေါ်မှာ ကောင်းမွန်စွာအလုပ်လုပ်ပြီး စွမ်းရည်မြင့်တဲ့ application တခုအဖြစ်ရရှိနေနို်င်မှာပဲလေ။ Handset တွေ Devices တွေထုတ်လုပ်တဲ့သူဘက်ကြည့်မယ်ဆိုရင်လဲ ကိုယ်ထုတ်လုပ်မယ့် Hadware devices တွေနဲ့ ကိုက်ညီမယ့်၊ customer ၇ဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမယ့် ကိုယ်ပိုင် Android OS တခုလိုမျိုးဖြစ်အောင် ပြင်ဆင်ထုတ်လုပ် ထည့်သွင်းနိုင်နေပါတယ်။
Android ရဲ့ တကယ့်ရည်ရွယ်ချက်တွေကလဲ mobile user တွေဈေးသက်သာဖို့ နောက် developer တွေ ထုပ်လုပ်သူတွေ အဆင်ပြေပြေထုတ်လုပ်နို်ဖို့ ရည်ရွယ်ခဲ့တာပဲလေ။ ဒီလို Mobile လောကအတွက် mobile devices တွေအတွက် ရည်ရွယ်တည်ဆောက်ထားခြင်းဖြစ်သလို mobile devlce တွေရဲ့ အားနည်ချက်တွေဖြစ်တဲ့ battery life ၊ နောက် RAM speed , processign speed တွေကိုပါထည့်သွင်းစဉ်းစားပြီးထုတ်လုပ်ခဲ့တာဖြစ်ပါတယ်။ mobile ကိရိယာအများစုဟာ battery ရဲ့ ပါဝါနဲ့  အလုပ်လုပ်ကြတာ အားလုံး သတိထားမိမယ်ထင်ပါတယ်။ ဘထ္ထရီသက်တန်းကို လည်း အရမ်းကြီး ကောင်းမွန် အောင် မလုပ်နိုင်သေးတဲ့အခြေအနေမျိုးမှာ ဘယ်လိုလုပ်ချင်းအားဖြင့် battery ကိုသက်သာစေနိုင်မလဲ နောက် Mobile ဆိုတဲ့အတိုင်း သယ်ရပြုရလွယ်ကူစေဖို့ တဲ့ ရည်ရွယ်ချက်ကရှိနေပြန်တော့ size ကိုလဲ သေးနိုင်သမျှသေးအောင် လုပ်ရပြန်တယ် ဒီတော့ မှတ်ဥာဏ် Memory ပိုင်းမှာလဲ အကန့် အသတ် တွေ ကရှိနေပါသေးတယ်။ ဒီလိုအခြေအနေမျိုးတွေကိုပါထည့်သွင်းစဉ်းစားထားတဲ့ Android OS ဟာ device ရဲ့  size အလိုက် screen size ၊ resolution ရုပ်ထွက်ပြင်းအား နောက် အတွင်းပိုင်း ပါဝါပိုင်းဆိုင်၇ာလုပ်ဆောင်မှု တွေကို ကိုလိုသလိုလိုက်လျှောညီထွေမှုရှိအောင် ပြုပြင်ရေးသားနိုင်တဲ့ Bionic ကိုထည့်သွင်းထားပါတယ်။ Bionic အကြောင်းကို နောက်ပိုင်း ရေးသားမယ် အပိုင်းများမှာရှင်းလင်းတင်ပြပေးပါ့မယ်။
နောက်ပြီး ကျနော်တို့ အနေနဲ့  စိတ်ပါဝင်စားလာလို့ စမ်းသပ် မယ်ဆိုရင် တောင် Application developer တစ်ယောက်အဖို့ Application တခုကို လွယ်ကူလျှင်မြန်စွာရေးသားနိုင်ဖို့  tools တွေ Framework တွေအားလုံးရရှိပါဝင်နေပါတယ်။နောက်ဆုံးဗျာ စတင်စမ်းသပ်ရေးသား ဖန်တီးဖို့  Android Device တောင် ၀ယ်နေစရာမလိုပဲ Android Software Developement Kit (SDK) ရှိလျှင်ကိုဖြစ်နေပါပြီ။ ဒီတော့ကိုေ၇းသားမယ့်စက်ပေါ်မှာတင်စမ်းသက်နိုင်တာပေါ့ဗျာ။ ကျနော်ရေးတာလဲနဲနဲ ရှည်သွားပါပြီ ။ လိုအပ်တာများရှိရင်လဲ ထောက်ပြသွားကြပါအုံး။ နောက်တပတ်မှပဲ ဆက်ရေးတော့မယ်ဗျာ။
Ref :wikipedia
Categories: Uncategorized
Pseudo Code ဆိုတာဘာလဲ?
October 22, 2011 Leave a comment
Pseudo ကုဒ်အကြောင်းခုမှရေးလို့ ရယ်နေမလားပဲ။ ဒါပေမယ့် ညီမလေးတစ်ယောက်က သူတက်နေတဲ့ Diploma သင်တန်းမှာပါတဲ့ assignment လုပ်တော့ Pseudo ကုဒ်ဆိုတာ ဘာလဲ သေချာ မသိလို့ မေးလာတာနဲ့ ဒါလေး ရေးဖြစ်သွားတာပါ။ မသိသေးတဲ့သူတွေလဲရှိတော့ ကျနော်သိတာလေး မျှပေးယုံပါ။ လိုအပ်တာတွေလည်းရှိမှာပါ လိုအပ်တာလေးတွေလဲ မှတ်ချက်လေးရေးသားပေးသွားပါအုံး။
Pseudo Code ဆိုတာ အသံထွက်အားဖြင့် ဆူဒို ကုဒ်လို့ ဖတ်ပါတယ်။ ကျနော် ကွန်ပျုတာ စလေ့လာခါစတုန်းကတော့ ပဆူဒိုကုဒ်လို့ ဖတ်လို့ တတန်းလုံးက ရယ်တာ ခံရဖူးပါတယ်။ လူတွေဟာ ကွန်ပျုတာ ပရိုဂရမ်ဆိုတာ ကိုအရင်သိဖို့ လိုပါလိမ့်မယ်။ ပရိုဂရမ်ဆိုတာ စနစ်တကျရေးဖွဲ့ ထားတဲ့ အစီစဉ်တကျ လုပ်ဆောင်ရန်ခိုင်းစေချက်လို့ ပဲ အရိုးရှင်းဆုံးအဓိပ္ဗါယ်ဖွင့်
ပါရစေ။ ဒီလို လူတွေက ကွန်ပျုတာကို စနစ်တကျ လုပ်ဆောင်ဖို့ အတွက် ပရိုဂရမ်တွေရေးသားပြီး ခိုင်းစေပါတယ်။ ကွန်ပျုတာကလဲ လူတွေခိုင်းတဲ့အတိုင်းတသွေမတိုင်းလိုက်နာဆောင်ရွက်ပါတယ်။ ဒါကို ကွန်ပျုတာ ပရိုဂရမ်းမင်းလို့ လူတွေခေါ်ကြတာပါ။ ဒါကို ကွန်ပျုတာ ဆော့ဝဲလ်ရေးတယ်လို့ လဲ ခေါ်ဆိုကြပါသေးတယ်။
အဲလို ရေးသားရာမှာ ကွန်ပျုတာနဲ့ လူနဲ့ ဆက်သွယ်ဖို့ ဘာသာစကားတခုလိုလာပါတယ်။ အဲဒါကို  Computer Programming Language ကွန်ပျုတာ ပရိုဂရမ်မင်း  ဘာသာစကား ( ကွန်ပျုတာ နှင့်လူ ဆက်သွယ်တဲ့ဘာသာစကားလို့ ပဲဆိုပါတော့) လို့ ခေါ်ပါတယ်။ အဲလို ဆက်သွယ်ရာမှာ ဘာသာစကားပေါင်းများစွာရှိပါတယ်။ လူတွေမှာလဲ ဘာသာစကားတွေအများကြီးရှိသလိုပေါ့။ ဒီလိုဆက်သွယ်ကြတဲ့အခါမှာ လူတွေအတွက် အခက်ခဲ အနည်းငယ်ရှိပါတယ်။ ဘာလို့ လဲဆိုတော့ ကွန်ပျုတာဟာ အခြေခံကျတဲ့ decimal ဖြစ်တဲ့ 0 , 1 နှစ်မျိုးကိုသာ သိတဲ့ ခက်တုံးတုံး မို့ ပါပဲ။ အဲ တော့ ကျနော်တို့ သူ့ ကို တခုခု ခိုင်းဖို့ ဆိုတဲ့နေရာမှာ Machine Level အထိ လိုက်မှတ်နေဖို့ မဖြစ်နိုင်ပါဘူး ဥပမာ A ဆိုတဲ့ Character နဲ a ဆိုတဲ့ character  ကြားမှာတောင် တန်ဖိုးမတူညီတဲ့ တန်ဖိုးတွေရှိနေပါတယ်။ အဲတော့ ကွန်ပျုတာကိုခိုင်းဖို့ လူတွေအတွက် မှတ်သားရ အရမ်းခက်လာပါတယ်။ ဒီလိုအခါမှာလူတွေဟာ ကွန်ပျုတာနဲ့ လူကြားထဲမှ နားလည်ဖို့ ဘာသာစကားတွေ တီထွင်ကြပါတယ်။ လူနားလည်လောက်မယ့် အရာများတွေပေါ့ 0  တွေ  1 တွေပဲမဟုတ်တော့ဘဲ လူတွေဖတ်လို့ ရတဲ့ text တွေပါဝင်လာခဲ့တယ်။ ဥပမာ Show () ဆိုတဲ့ Method လေးလို ပေါ့ သြ လူတွေနားလည်ပြီ Show ဆို ပြမယ်ဆိုတာ ဒါပေမယ့် ကွန်ပျုတာကတော့ Show() ဆိုတာကိုနားလည်လိမ့်မယ်လို့ သင်ထင်သလား။ ဟုတ်ပါတယ် သူလုံးဝနားမလည်ပါဘူး အဲဓိအခါ သူနားလည်ဖို့ ကြားထဲက ဘာသာပြန်ပေးမယ့် Translators တွေ compilers တွေ လိုအပ်လာတာပေါ့။ အဲတော့လူက လူလိုပြောလာနိုင်တယ်ဆိုပါတော့။
ကဲဒီနေရာမှာ ကျနော် ရှင်းပြလို တာက Pseudo Code  အကြောင်းပါ။ ကွန်ပျုတာ ပရိုဂရမ်တွေ ရေးသားရာမှာလဲ လူတွေရဲ့ ဘာသာစကားလိုပဲ ဘယ်လို ရေးသားရမယ့် ဘာတွေမလုပ်ရဘူးဆိုတဲ့ သဒ္ဒါ (grammar) ရှိသလို သူ့ မှလဲ Syntax တွေရှိပါတယ်။ ပြသတဲ့အခါတော့ဘယ်လိုရေး ဘာတွေမရေးရဘူး အစရှိသည်ဖြစ်ပေါ့။ ဥပမာ Java program လေးတခုမှာဆိုပါတော့ တခုခုကို ရိုက်ထုတ်ပြချင်တဲ့အခါ
System.out.print (” Hello World!”);   လို့ ရေးလေ့ရှိပါတယ်။ အဲဒိမှာ System က S ကိုအကြီးနဲ့ ရေးရမယ် ပြီးရင် ကိုပြချင်တဲ့ message  ကို “” quote နဲ့ ပြမယ် statement အဆုံးသတ်မှာ semicolon (;) နဲ့ ပိတ်ရမယ် ဒါတွေက language တခုရဲ့  syntax ပါ။ ဒီလိုမှန်အောင်ရေးသားရပါတယ်။
ဒါပေမယ့် Pseudo code မှာ အဲလိုမျိုး ဘယ်လိုရေးရမယ်ဆိုတဲ့ တကယ့် ကွန်ပျုတာ ပရိုဂရမ်ဘာသာစကားတွေလိုမျိုး Rule (ဥပဒေသ)တွေကိုလိုက်နာဖို့ မလိုပါဘူး။ သူ့ မှာလဲ နေရာဒေသ အဖွဲ့ အစည်းအလိုက် စံတွေကလဲကွဲပြားပါတယ်။ တကျောင်း တကာထာလို ပေါ့။ သူက တကယ့်ပေါ့ပေါ့ပါးပါး လွတ်လွတ်လပ်လပ်ရှိတဲ့ ဘာသာစကား ကုဒ်ပါပဲ။ သူက တကယ့် artificial & informal language ပါ။ ပြီးတော့ Text base system နဲ့ ရေးပါတယ်။ လူနားလည်ဖို့ စာသားနဲ့ ပဲရေးလေ့ရှိပါတယ်။ အောက်က ဥပမာ ပရိုဂရမ်တွေ လေ့လာတဲ့အခါ နားလည်သွားပါလိမ့်မယ်။  သူက အမှန်တကယ်တော့ system တခုရဲ detail (algorithmic) design tool တခုပါပဲ။ Pseudo code ကိုဖတ်ပြီး ကျနော်တို့ Control Flow (ပရိုဂရမ် ဘာပြီးရင်ဘာလုပ်မယ်ဆိုတဲ့ ပရိုဂရမ်ရဲ့ လုပ်ဆောင်ပုံ) တွေကိုရေးသားပါတယ်။ သူကိုတော့ တကယ့်ပရိုဂရမ်ရေးသားရမှာ မသုံးကြတော့ပါဘူး။ (သုံးတဲ့အဖွဲ့ စည်း ပုဂ္ဂိုလ်တွေလဲပဲရှိတန်ကောင်းပါရဲ့ ) ။ပရိုဂရမ်မာတွေ အစည်းအဝေးတို့  အချင်းချင်း တစ်ယောက်နဲ့ တစ်ယောက် ပရိုဂရမ်ရဲ့  flow ကိုချပြရမှာတော့ အကြမ်းသုံးတာတွေ နောက်ပြီး ကိုယ့်ဖာသာကို စဉ်းစားမိတာတွေကို ဒီတိုင်းချရေးတာတွေလောက်ပေါ့။ ကဲ ဒီလောက်ဆို အကြမ်းမျဉ်းနားလည်လောက်မယ်ထင်တယ် အဲဒါဆို အောက်က ဥပမာတွေလေ့လာပြီး သဘောပေါက်နိုင်မှာပါ။
Example (1) Checking a number positive or not? ( ဂဏန်းတခုကို အပေါင်းလား ဒါမှမဟုတ် အပေါင်းမဟုတ်ဘူးလားစမ်းသတ်မယ် ( အနှုတ်လို့ မဆိုလိုပါ) အပေါင်းမဟုတ်တဲ့ ဂဏန်း ကြိုက်တာဖြစ်) စမ်းတဲ့ ပရိုဂရမ်လေးကို ကြည့်ကြရအောင်ပါ။
begin
accept A;
if   A > 0 then
display   “Positive Number”;
endif;
end
ဒီနေရမှာ ပရိုဂရမ်ကို Begin နဲ့ စပြီး end နဲ့ အဆုံးသတ်ထားပါတယ်။တချို့ က လုံးဝ Capital Letter နဲ့ ရေးကြတယ် BEGIN END အဲလို ပေါ့။ ဒါက ကိုယ့်သဘောပဲ။ မျဉ်းတားတာလဲ ကိုယ့်သဘောပဲ။ ဒါပေမယ့် ကိုယ့်ကျောင်းက ဘယ်လိုရေးမှ အမှတ်ပေးမယ်ဆိုရင်တော့ တမျိုးပေါ့ သိတဲ့အတိုင်းမြန်မာ ကျောင်းတွေ တက္ကသိုလ်တွေက သိပ်ကလေးဆန်တုံးခုထိ။ ဒီနေရမှာအရေးကြီးတာ ပရိုဂရမ်တခုကိုရေးတဲ့အခါမှာ အစရှိသလို အဆုံးသတ်ပါရမယ်ဆိုတာ သိရမယ်။ နောက်ပြီး   accept A; လို့ ရေးထားတာ သတိထားမိမယ်ထင်တယ် A ဆိုတဲ့ variable  အခန်းလေး တစ်ခုလက်ခံလိုက်တာပါပဲ။ တကယ့်ပရိုဂရမ်မှာဆိုတော့ရင်တော့ Int A  ဆိုပြီးလက်ခံမှာပေါ့ ။ ဆိုလိုချင်တာက လူက  A ဆိုတဲ့ အခန်းလေးထဲကို ဂဏန်းတခုခုရိုက်ထည့်လိမ့်မယ်။ အဲဒါကို လက်ခံဖို့ ပြောတဲ့သဘောပါ။ ပြီးတော့ if ဆိုတဲ့ conditional logic နဲ့ စစ်ပါတယ် ။ if ဆိုတာက ပရိုဂရမ်းမင်းမှာ အကယ် ရွယ် ဖြစ်ခဲ့ရင် အောက်က အလုပ်ကိုလုပ်မယ် မဖြစ်ခဲ့ရင် မလုပ်ဘူးလို့ အဓိပ္ဗါယ်ရပါတယ်။ ကျနော် တို့ ဒီနေ ရမှာ A ထဲကို ရိုက်ထည့်တဲ့ ဂဏန်းက 0 ထက် ကြီးသလား ဆိုပြီး စစ်ထားတယ်။ ပြီးတော့ တကယ်လို့ ကြီးခဲ့ရင် အောက်မှာ display ဆိုပြီး Positive Number ဆိုတဲ့ message လေးရိုက်ထုတ်ပြထားတယ်။ ပြီးတော့ end if ဆိုပြီး if ကိုပြန်ပိတ်ထားတာ သဘောပေါက်မယ်ထင်ပါတယ်။ ဂဏန်းပါ 0 ထက်သာ ငယ်ခဲ့မယ်ဆိုရင် ပရိုဂရမ်ဟာ ဘာမှမလုပ်ဘဲ ပြန်ထွက်သွားမှာပါ။ ဒါ အရိုးရှင်းဆုံး ပရိုဂရမ်လေး တခုပါပဲ။
အဲတော့ if အတွက်ေ၇းတဲ့ပုံက ဒီလိုပေါ့။
if <condition> then
          [Module A]
endif;
တကယ်လို့ များ ( ဒါဖြစ်ခဲ့ရင် ) အောက်က
ကိုယ်ခိုင်းချင်တဲ့ အလုပ် လုပ်ပါ
ပြီးရင်ထွက်
ကဲ နောက်တခု ထပ်ပြီး လေ့လာကြည့်ရအောင်
Example 2
begin
accept A;         /* input an integer */
if A/2 =0 then
display “Even Number”;
else 
display “Odd Number”;
endif;
end
အထက် က သဘောတ၇ားလိုပါပဲ ပရိုဂရမ်ကို စတယ် ပြီးတော့ Aထဲကို ဂဏန်းလက်ခံတယ် အဲနောက် မှာ ရေး ထားတာက ( /*  comment */) comment ပါ ကိုယ်က ပရိုဂရမ်ရေးတဲ့ အခါ ပြန်ဖတ်တဲ့အခါ နားလည်အောင် မှတ်မိအောင် မှတ်ချက်ေ၇းထားတာပါ ဒါက ဘာလဲဆိုတာကို ဒီလောက်ထိက လွယ်သေးလို့ အရမ်း အဆင့်မြင့်ပြီးရှုတ်ထွေးလာရင် အဲလိုရေးထားမှ အမှားပြင်တဲ့အခါ ပြန်ကြည့်တဲ့အခါ နားလည်နိုင်မှာ။ ပြီးတော့ တစ်ယောက်နဲ့ တစ်ယောက်ကရေးသားတဲ့ ပုံစံမတူကြတော့ အဲလို မှတ်ချက်လေးပါမှ အဆင်ပြေတာ။ ဒါကြောင့် ဒါဟာ အလေ့ကျင့်ကောင်းတခုပဲ။ သူကိုယ့် ကွန်ပျုတာက က execute လုပ်တဲ့အခါမှာ ထည့်ပြီးမလုပ်ဘူး သူ က အဲလို (/* */ ) လေးမြင်တာနဲ့  ဒါ comment မှန်းသိတယ်ကျော်သွားပေးတယ်။
တကယ်လို့ A ထဲ ကိုရောက်နေတဲ့ ဂဏန်းဟာ 2 နဲ့ စာလို့ ပြတ်ရင် အကြွင်း 0 ရရင် ဒါ even number ဆိုပြီး ပြထားတယ်။ ရင်ပရိုဂရမ်တုန်းကလဲ ကြီးရင်  Positive လို့ စစ်ထားတယ် နော် မဟုတ်ရင်ထွက်သွားတယ်။ ခုက အဲလိုမဟုတ်တော့ဘူး ။ တကယ်လို့ စားလို့ 0 မကြွင်းရင် စားလို့ မပြတ်ရင် else  (တကယ်လို့ များ မဟုတ်ခဲ့ရင် ) odd  number   ဆိုပြီးရိုက်ထုတ်ပြထားတယ်။
ကဲ နောက်တပုဒ်လေ့လာကြည့်ရအောင်
Example 3
begin
accept A;
if  A> 0 then
display “Positive Number”;
else if  A < 0 then
display “Negative”;
else
display “Zero”;
endif;
ကဲ ဒီ ပရိုဂရမ်လေးမှာတော့ အဆင့်လေး တဆင့်ပိုလာခဲ့တယ် elseif
တကယ်လို့ များ A ဟာ 0 ထက်ကြီးရင် ပရိုဂရမ်ဟာ Positve ကို ပြပြီး ထွက်သွားမယ်။ အဲ 0  ထက်မကြီး ဘူးဆိုရင် အောက်ကို ဆက်ပြီးဆင်းလာတယ် 0 ထက်ကော ငယ်သလားလို့ စစ်တယ် 0 ထက်ငယ်ရင်တော့ Negative ပြပြီးထွက်မှာပါ။ မငယ်ဘူးဆိုရင် ထပ်ပြီးစစ်လို့ ၇သေးတယ် else if တွေအများကြီးနဲ့  ဒါဆို အပေါ်က ပရိုဂရမ်ပါထည့်လို့ ရသေးတယ် A က 2 နဲ့ကော စားလို့ ပြတ်လားပေါ့ ပြတ်ရင်တော့ ကိုယ့်ပြချင်တဲ့ message ထည့်ပြ။ ဆိုလိုချင်တာ else if  တွေ တစ်ကြောင်းထပ်မက စစ်လို့ ရသေးတယ်လို့ ဆိုလို တာ။ နောက်ဆုံးပ else က အပေါ်ကဟာတွေ တခုမှမဟုတ် ခဲ့ရင် Zero ဆိုပြီး ပြမှာလေ ။ သေချာ ပြန် စဉ်းစားကြည့် 0 ထက်ကြီးရင် Positive ပဲပြီးပြီ ။ ဘာမှဆက်လုပ်စရာမရှိဘူး။ တကယ်လို့ 0 ထက်မကြီးဘူးဆို ရင် သူက ငယ်သေးလားပေါ့ ငယ်ရင်လဲ Negative ပြပြီး ပြီးပြီ။ အဲဒါတောင် မှ မကြီးလဲမကြီး မငယ်လဲ မငယ်ရင် ဘာဖြစ်ရအုံးမှာလဲ သေချာတယ် ညီနေလို့ ပေါ့။ နောက်ဆုံးအခြေအနေ မှာ  else ကိုသုံးတယ် နားလည်လောက်မယ်ထင်တယ်
ဒါက ကိုယ့်ဖာသာကို A ထဲ့ကို ဘာထည့်မှန်းမသိလို့ ကိုယ့်ဖာသာ A ထဲကို ယူဆာထည့်တာမခံဘဲ ကိုယ့်ဖာသာ default ထည့်ထားလို့ လဲရတာပဲ
ကဲ ဒါဆို Mark ဆိုတဲ့ ထဲကို အမှတ်ထည့်မယ် ပြီးရင် 40 ထက်ကြီးရင် အောင်တယ် 40 ထက်ငယ်ရင် ကျမယ်။ ကိုယ်ကြိုက်သလို နည်းနဲ့ ရေးလို့ ရတယ် အဖြေက အတူတူပဲထွက်ရမယ်။
နောက် အမှတ်ကို ယူဆာဆီက တောင်းပြီးရင် ၄၀ ကနေ ၆၄ ကြားဆို သာမန် အောင် “pass” ၆၅ ကနေ ၈၄ ထိ credit ၈၅ ကနေ အထက်ကို D ပေးမယ် အဲဒါတွေတခုမှမဟုတ် ရင်ဘာလဲ ကျမယ်ပေါ့။ ကိုယ့်ဖာသာ စမ်းရေးကြည့်ပါ။ ပြီးရင် yepaingphyo7035@gmail.com ကို ပြန်ပို့ လိုက်ပါ ကျနော် ကြည့်ပေးပါ့မယ် မှန်မမှန်ပေါ့။
အခြား conditional logic တွေရှိပါသေးတယ် ဒီနေ့ တော့ ဆူဒိုကုဒ်ဆို တာ ဘာ ပြီးတော့ if, else if , else ကိုနားလည်မယ်ထင်ပါတယ် တကယ်လို့ များအချိန်ရခဲ့ရင် Case statement ,while, do while စတာတွေ တင်ပြသွားပေးပါ့မယ်။ နားမလည်တာများရှိခဲ့ရင် လဲ  yepaingphyo7035@gmail.com ကို တိုက်ရိုက်ဆက်သွယ် မေးမြန်နိုင်ပါတယ်။
Categories: Uncategorized