Archive

Archive for June, 2010

How to approach C#.Net ?

C#.Net သို့  .Net Frame work နဲ့ မိတ်ဆက်ပေးခြင်းဆိုပြီး ဒီနေရာလေးမှာ ကျနော်ရေးသားခဲ့ဖူးပါတယ်။ .Net Frame work အကြောင်းကို ကျနော် Java Platform နှင့် နှိင်းယှဉ်ပြီးတင်ပြခဲ့ပါတယ် ။။ ဒီနေ့ ကျနော်ရေးသားလိုတာက C#.net

ကိုလေ့လာမယ့်သူတွေ အတွက် Carrier Talk ပုံစံမျိုး ဘယ်လို စာမေးပွဲတွေဖြေဆိုရမယ် ဆိုတာကိုကျနော်ရေးသားလိုပါတယ်။
ဒီနေရာမှာ C#.Net အကြောင်းလေးမပြောခင် အခြား Platform ကြောင်းနဲနဲပြောချင်ပါတယ် ..

Java Platform က တော့ Software application တွေသာမက Web application တွေ . Mobile application တွေပါရေးသာနိုင်ပါတယ်။ Java ကတော့ CROSS PLATFORM ပါအဆင်ပြေပါတယ်။ .Net က windows platform သီးသန့် ဆိုတာသိထားရမှာပါ ။ သို့ ပေမယ့်လည်း Microsoft ရဲ့ product မဟုတ်တဲ့ အခြား product တွေဟာ .Net ကို OS Independent အဖြင့် သုံးနိုင်အောင်ကျိုးစားကျ လာတာလည်းရှိနေပါပြီ။ Java ကလည်း C / C++ ကို base လုပ်တဲ့ အတွက် Syntax အားဖြင့် ဆင်တူပါတယ် ။

PHP ကတော့ open source technology တခုဖြစ်ပြီးတော့ Web application တွေရေးသားရာမှာ အရမ်းကို နာမည်ရနေတဲ့ language တမျိုးပဲဖြစ်ပါတယ်၊ သူမှာတော့ Framework သီးသန့် မရှိပဲ PHP ကို support လုပ်တဲ့ Web application Framework တွေ အများကြီးရှိပါတယ်။ ဒါကြောင့် PHP ကိုလေ့လာရာမှာ language ကိုသာပိုင်နိုင်အောင်လေ့လာရမှာပါ။ Framework တွေကိုတော့ လိုအပ်ရင် လိုအပ်တဲ့  Framework ကို လေ့လာဖို့ လိုပါမယ်။။ သူဟာ လည်း C / C++ နဲ့  Syntax တွေဆင်တူပါတယ် ..ဒါကြောင့် C / C++ ကိုလေ့လားထားဖူးမယ်ဆို တော်တော်လေး ကောင်းပါတယ်။ ဒါကြောင့် အတော်များများသော Senior တွေက programming ကိုစလေ့လာဖို့ အတွက် C / C++ ကစလေ့လာဖို့ ပြော ကြား လမ်းညွှန်ကျတာပါ.။ Read more…

Categories: .Net

How I started exploring in IT ?

June 29, 2010 1 comment

How I started exploring in IT ?

My first step with DIT
My university life ,2007 , at that time I’m really nooby boy in IT.. I have no an email account. I have only basic computer knowledge that mean my skill is outer level of end user in touching with computer. I was attending Bachelor of Science in Chemistry at The University of Distance Education. I have more friends in my university life. One of them is Hero in IT. He is attending IT diploma. Most of the time, he told me about the Computer ..How much he is crazy in it. And also he gave me a light that to attend IT diploma.. And also I was thinking that IT will be developed coming future in our Country . All over the word IT supports all of the field. And then I have been analysis my hobby? Read more…

Categories: General

Direction of Data Flow

June 27, 2010 2 comments

ကျနော်ရေးသားလိုတာက data communication ရဲ့ အခြေခံ အချက်လက်တွေပါပဲ ကွန်ပျုတာ နဲ ထိတွေ့ မည့်သူတွေအားလုံးသိထားသင့်တဲ့အခြေခံ အချက်လက်တွေလို့ ယူဆပါတယ် .. ဒါကြောင့် ကျနော် data communication လေ့လာခဲ့ဖူးတာလေးတွေကို ကျနော်နားလည်သလောက်သိသလောက်ပြန်လည် ဝေမျှချင်းသာဖြစ်ပါတယ်.။

Direction of Data Flow
Direction of Data flow ဆိုတော့ Data တွေဟာ device တွေကြားမှာ ဘယ်လို ဦးတည်ရာပုံစံမျိုး နဲ့  ဆက်သွယ် communicate လုပ်နေတယ်ဆိုတာ၊ အချင်းချင်း ဘယ်လို အပြန်လှန် ဆွက်သွယ်တယ်ဆိုတာ ကိုဆိုလိုတာပါပဲ။ ကျနော်တို့ အားလုံး ဒီနေရာမှာ device ဆိုတာ နားလည်ထားဖို့ လိုပါမယ်။ ကျနော် Data communication အကြောင်းမှာ sender တွေ receiver တွေအကြောင်း အနည်းငယ် ရှင်းပြခဲ့ဖူးပါတယ်။ သူတို ဟာ device တွေပါ။ အချက်လက်တွေကို ပေးပို့ မယ် လက်ခံမယ် (ဆက်သွယ်မှုပြလုပ်မယ်)ဒါတွေကို လုပ်ဆောင်မယ့်သူတွေပါ ။

Device တခုနှင့် တခုကြား ဆက်သွယ်မှု communication ပြုလုပ်ကျတဲ့ အခါမှာ data ရဲ့ flow ပုံစံတွေက simplex သော်လည်းကောင်း၊ half-duplex သော်လည်းကောင်း ၊ full-duplex သောလည်းကောင်းဆိုပြီး ဖြစ်နိုင်ပါတယ်။ Read more…

Categories: Network Tags: ,

Data Representation ဆိုတာဘာလဲ

Data Representation

Data and Information
ဒီအကြောင်းလေး မပြောခင် ကျနော်တို့ သိရှိထားရမှာက Data and Information ရဲ့အဓိက ခြားနားချက်ကိုပါ။ ဒါကို ကျနော် ဥပမာပေးရမယ်ဆိုရင် ကျနော်တို့ ကောင်မလေး တယောက်အကြောင်း စုံစမ်းကြမယ်ပေါ့ဗျာ။။ ကျနော်က ကောင်မလေး ဘယ်အချိန် သင်တန်းသွားမလဲဆိုတာ သိချင်တယ် ။။ ဒါကြောင့်ကောင်မလေး ဘယ်အချိန်သွားမလဲ သိရအောင် စုံစမ်းဖို့ လူလွတ်ထားတယ်ပေါ့ဗျာ.။ အဲစုံစမ်းတဲ့လူက ဗျာ ကောင်မလေး ဘယ်ချိန်ဈေးသွားကြောင်း ဘယ်ချိန်မှာ သီချင်းနားထောင် ဘယ်ချိန်မှာ Television ကြည့်တယ် အင်တာနက်သုံးတယ် ဘယ်ချိန်မှာ သင်တန်းသွားတယ် ဆို ပြီး ကျနော်ဆီသတင်းပို့ ပါတယ် ။။ ဒါအချက်လက်တွေအားလုံးက data ပါ။။ ဒီထဲကမှ ကျနော်သိချင် ကျနော်လိုချင်တဲ့ အကြောင်းရာက သင်တန်းသွားမယ့်အချိန် အော် ဒါက Information ပါ ..ဒီ Information ကို အသုံးချပြီ ကောင်မလေးနောက်ကိုဘယ်လိုလိုက်ရမလဲ ..ကျနော်တို့ knowldege ဆိုတာ ရကြတာပါ။(ကျနော်တော့စုံစမ်းဖူးဘူးနော်)
ဒီလိုပါပဲ အခြား ဥပမာတခုပေးရမယ်ဆို ကျောင်းတကျောင်းမှာ ကျောင်းသားပေါင်းများစွာရဲ့ကိုယ်ရေးရာဇ၀င်ရှိပါတယ် ဒါတွေက data တွေပါ။ အဲထဲကမှ အောင်အောင်ဆိုတဲ့ကျောင်းသားရဲ့ အိမ်လိပ်စာ ဖုန်းနံပါတ်လိုချင်လို့ရှာတဲ့အခါ ဒါကို Information လို့ နားလည်ရင်ဖြစ်ပါတယ်။..

Data တွေကို process လုပ်တဲ့အခါမှာ Information တွေရပါတယ်။ ရလာတဲ့ Information တွေကို process လုပ်တဲ့အခါမှာ Knowledge ဆိုတာရပါတယ်။ ခုချိန်မှာကိုလိုချင်တဲ့ data တွေဟာ information  အနေနဲ့ ရှိနေယုံမကတော့ပဲ Knowledge အနေနဲ့  ပေါများစွာရနိုင်နေပါပြီ။ လူတိုင်းလူတိုင်းဟာ Level တူလာပြီလို့ ပြောလို့ ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ knowledge ဆိုတဲ့မြောက်များစွာသော အချက်လက်တွေဟာ အင်တာနက်ပေါ်စာအုပ်တွေပေါ်မှာပလူပျံနေပါပြီ။ ဒီပလူပျံနေတာကို လူတွေက Input လုပ်ကြပါတယ်။ လူငယ်တွေစာလေ့လာကြပါတယ်။ စာအုပ်တွေဖတ်ကြပါတယ်။ ဒါပေမယ့် သူတို့ တွေဖတ်ပြီး လေ့လာပြီးမကြာခင်မေ့လျှော့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ တွေ Input သာရှိပြီး Process မလုပ်တဲ့အတွက် Output ဖြစ်တဲ့ wisdom ဥာဏ်ပညာ ဖန်တီမှု ဆိုတာမထွက်လာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငယ်စဉ်ခါကတည်းက Creative thinking ဖြစ်ပေါ်စေမယ့် imagination ဆိုတဲ့ စိတ်ကလေးသေနေခဲ့လို့ ဖြစ်ပါတယ်။ (အရာရာကို တွက်ချက်တာက အစ ဂဏန်းပေါင်းစက် အားကိုးတာ ဖုန်းနံပါတ်တွေမှတ်မယ့်အစား ph မှတ်ဥာဏ်ထဲမှာပဲမှတ်ထားတဲ့အတွက် ဖုန်းနံပါတ်တွေမမှတ်မိတာ စတဲ့ စတဲ့ အုံးနှောက် အလုပ်ပေးမှုတွေနားခဲ့တဲ့အတွက် ပါ)

ကျနော်တို့ အခုချိန်မှာ Data တွေကို computerize သုံးပြီး သိမ်းဆည်းတာ ရှာဖွေတာ တွေဖြစ်နေပြီဆိုတော့ ခု Computer data ဆိုတာ ဘာတွေဖြစ်နိုင်မလဲဆိုတာ ပြောကြည့်ရအောင်။ ကွန်ပျုတာ ဒေတာတွေက စာသားဖိုင် text တွေ
video ဖိုင်တွေ သီချင်းဖိုင်တွေ ပုံတွေ ကိန်းဂဏာန်းတွေ အစရှိသဖြင့် ရှိကြပါတယ်။ Read more…

Categories: Network Tags:

I was invited to attend on Open Talk

June 25, 2010 1 comment

Last Sunday, I attended a seminar that is a new program of organized by Mistake 51 Area (m51a.com) group and My Suboo Fan Club at Excel Treasure Hotel ,10th floor , Meeting room . Their new program name is the ” Knowledge Sharing and Collaboration on Open talk” . For June, they made about the DNS and Hosting Sever. Coming July, They will be hold about the “Hunted Job” at Excel Treasure Hotel or MICT park ( they will announce the update news of their activities coming soon).

 Ko Myint Zaw , Ye' Paing Phyo

At that day, I presented about the Data communication, DNS and hosting Sever with Ko Myint Zaw Oo who is a editor of INTERNET Journal. Read more…

Categories: News

Data Communications

Data Communications

ယခုကျနော်ရေးသားမည့် အကြောင်းရာဟာ အချို့လူတွေအတွက်တော့ တကယ့်ကို basically ဖြစ်နေပါလိမ့်မယ် ရယ်လည်း ရယ်ချင်စရာဖြစ်ကောင်းဖြစ်နေပါတယ် ခုမှ network environment ကိုစတင်မည့် သူ ကွန်ပျုတာ စတင်ထိတွေ့မယ့် သူငယ်ချင်းတွေကို ရယ်ရွယ်ပြီး data communication ရဲ့ အခြေခံကိုရေးသားချင်းဖြစ်ပါတယ် ကျနော်ဖတ်ဖူးတဲ့စာအုပ်များ လေ့လာဖူးတာတွေထဲက နားလည်သလိုပြန်လည်ရေးသားချင်းဖြစ်သည့်အတွက်လိုအပ်တာလေးတွေရှိမှာပါ ..ကျနော်သိသလောက်ပဲ ရေးသားလိုက်ပါတယ်..

Data Communication ဆိုတာဘာလဲ?
Data Communication ဆိုတာ device တခုနှင့် တခုကြား ကြိုး (သို့မဟုတ်) ကြိုးမဲ့ စနစ်ဖြင့် data တွေ ပေးပို့ ရယူ ခြင်းဖြစ်ပါတယ်။ ကျနော်တို့ လူတဦးနှင့်တဦး စကားပြောတာလည်း data communication ပါပဲ။ Data communication တခုဖြစ်ဖို့ဆိုရာမှာ Data တွေကို communication လုပ်မယ့် Device တွေဟာ Hardware နှင့် Software တို့ ပေါင်းစပ်ထားတဲ့ communication system တော့ဖြစ်ဖို့လိုတာပေါ့ဗျာ။ ကျနော်တို့လူတွေမှာပဲကြည့်လေ ကျနော်တို့ရဲ့  body ကြီးက သာမက ၀ိဥာဏ်ဆိုတာ ရှိနေမှ ကျနော်တို့ အသက်ရှိနေတာပေါ့ ..အသက်ရှိတဲ့လူကိုမှပဲ စကားပြောလို့ရမှာပေါ့ လူသေကိုစကားပြောလို့မှမရတာ ..။ ဒီလိုပါပဲကွန်ပျုတာ မှာလဲ hardware နှင့် software ပေါင်းစပ်မှပဲ communication လုပ်လို့ရမယ့် system တခုဖြစ်လာမှာပေါ့ .။ ပြောချင်တာက communicate လုပ်မည့် devices တွေဟာ ဒီလိုအချက်တွေလိုအပ်ပါတယ်။။ အကျိုးထိရောက်မှုရှိတဲ့ data communication system တခုဟာ delivery ,accuracy and Timeliness ဆိုတဲ့အချက်လက် သုံခုပေါ်မှာ လုံးဝ မှုတည်နေတာပါပဲ…။ Read more…

Categories: Network Tags:

The various brands of Laptop motherboard bios universal password

hi all,
Nice to meet you all on IT friends. Really, I’m a beginner of IT industry that mean not a pro. 🙂 I love the knowledge sharing and collaboration to each others . OK OK!! May I share you something knowledge in here. If you know more than me …plz share me and all. Plz . I hope you will.

OK all my dear you may know about BIOS (basic input/output system).The BIOS is boot firmware, designed to be the first code run by a PC when powered on. The initial function of the BIOS is to identify, test, and initialize system devices such as the video display card, hard disk, floppy disk and other hardware. The BIOS sets the machine hardware into a known state, so that software stored on compatible media can be loaded, executed, and given control of the PC.This process is known as booting, or booting up, which is short for bootstrapping. Read more…

Categories: Hardware Tags:

Do you want an email with yourname@student.com by FOC

You can get an email with yourname@student.com as like a Google mail that is powered by Google. All of the features are the same with Gmail.

Step (1)
Firstly go to www.student.com and register your account. After that they will send an activation mail to your primary gmail or email.
Notice : when you signing up on there plz check on the ” I want to get from yourname@student.com” statement . this page is case sensitive .plz care to register there.

Step (2)

Secodly, Login to Student.com from your activation link .

Step (3)

You are now as a member of student.com. Now, you can  get email from this site as a powered by Google. Click to Student.com  <br /

Student.com E-mail

that exit on the right side of this site.

and then you can login with yourname@student.com and your password. Sometime 502 page errors may be show you coz this sever is busy on sometime .You can solve this error by refreshing or reloading this page.

It’s finally here! Your very own @student.com e-mail address using Google’s award-winning Gmail program! And best of all, it’s for free and matches your Student.com username! Read more…

Categories: Mail Tags:

Java Script အတူတူလေ့လာရအောင် (၂)

ကျနော်တို့ဒီနေ့ ဆက်လက်လေ့လာသွားမှာက how to enable JavaScript in your browsers ဆိုတာလေးကိုအတူလေ့လာကျရအောင် ကျနော်တို့ ရေးတဲ့ Script တွေ browser မှာ run နိုင်အောင် browser က support လုပ်နိုင်အောင် တက်လာတဲ့ error တွေကို သိရှိနိုင်ဖို့အတွက် ကျနော်တို့ browser မှာ Java Script ကို Enable လုပ်ပေးရပါတယ် ။ တကယ်လို့ သူများက disable(uncheck) လုပ်ထားရင်လည်း ကိုယ်ကိုတိုင် enable လုပ်နိုင်အောင်ပါ အသုံးများတဲ့ browser အချို့မှာ JS ကို enable လုပ်ပုံကို ကျနော် သိသလောက် တင်ပြပေးလိုက်ပါတယ်။

ကဲစပြီးဖတ်ကြည့်ရအောင်လား သူငယ်ချင်းတို့ရေ

Enable JavaScript – Internet Explorer
Internet Explorer မှာကတော့ JS ကို enable လုပ်ထားရင် error တက်တဲ့အခါ ဘယ်လိုင်းက တက်တယ်ဆိုတာကအစ ပြပေးပါတယ်။ ဒါကြောင့်စမ်းမယ်ဆိုရင်သူနဲ့ စမ်းသပ်သင့်ပါတယ်။

အဆင့် (၁) Tool Menu ကို နှိပ်လိုက်ပါ (Alt key + T)
အဆင့် (၂) Internet Options ကို သွားပါ
အဆင့် (၃) Security Tag ကို သွားပါ
အဆင့် (၄) Custom Level.. ဆိုတဲ့ button လေးကိုနှိပ်လိုက်ပါ
အဆင့် (၅) Scripting section ( Scripting of Java applets) ထိရောက်အောင် scoll bar ကို ဆွဲချပြီး Enable ကိုရွေးလိုက်ပါ။
အဆင့် (၆) OK ကို ရွေးပြီ confirm လုပ်ခိုင်းပါက Yes ကိုရွေးပေးလိုက်ပါ။။ Read more…

Categories: Java Script Tags:

Java Script အတူတူလေ့လာရအောင် (၁)

Web standard များဖြစ်တဲ့ HTML, CSS and Java Script တို့ဟာ Web developer ဖြစ်လိုသူတိုင်းမဖြစ်မနေလေ့လာရမယ့်ထဲ မှာပါဝင်ပါတယ်။ယခု additional interaction အဖြစ် java script ကို နောက်ပိုင်းတော်တော်လေး အသုံးပြုလာပြီ့း အကျိုးကျေးဇူးတော်တော်လေးရှိတာမငြင်းနိုင်ပါဘူး။  Web standard နဲ့ မကိုက်ညီတဲ့ flash နေရာမှာ CSS JavaScript တွေက အကောင်းဆုံးနေရာယူလာတာတွေ့ရှိရမှာပါ ..Java Script က HTML CSS တွေကို အတော် ထောင့်ပံ့ပေးလာနိုင်တယ်

Java script definition ကို ကျနော်နားလည်ရသလောက်ကတော့ ၄င်းဟာ client-side scripting language တခုဖြစ်ပါတယ်.ဆိုလိုတာက browser ပေါ်မှာတင် run နိုင်တယ် local မိမိစက်ထဲရှိတဲ့ browser ပေါ်မှာတင် run နိုင်ပါတယ်။
Web Browsers များဖြစ်တဲ့ ( Firefox, IE, Flock, Chrome ..) တွေဟာ အများအားဖြင့် HTML ,CSS & Java Script တိုကိုပဲ သူကနားလည်တယ်ပါတယ် ,ASP, C#, Java,PHP,  Python စတဲ့ Sever side programming language တွေကိုနားမလည်ပါဘူး…client-side scripting language ရဲ့ အခြား တဖက်မှာလည်း sever-side scripting language ဆိုတာတွေရှိနေပါတယ်.. ဥပမာ PHP ပေါ့။ PHP က web hosting sever ပေါ်မှာ run ပါတယ် ..ကျနော်တို့ Web page တွေ login ၀င်တဲ့ခါမျိုးမှာဆို ကျနော်တို့လုပ်လိုက်တဲ့ Request ဟာ sever ပေါ်မှာသွားပြီး Request လုပ်ပါတယ် ပြီးမှာ HTML အနေနဲ့ ပြန်လာတာပါ..ဟိုးအရင်ကတော့ server side ကို အလေးပေးကြပြီး ခုတော့ Performance အတွက် client side တွေကို အလေးပေးလာကြပါပြီ ..ဆိုလိုချင်တာကတော့ဗျာ user က request လုပ်သမျှ server ကို သွားပြီ လုပ်မယ့် request time, respond time တွေကိုလျှော့ချလာနို်င်အောင်လို့ ကျနော်မြင်ပါတယ်…form တခုကိုလည်း HTML နဲ့ရေးလို့ရတယ် php နဲ့ရေးလည်းရတယ် ။ html မှာရေးရင် request time & Response time တွေစောင့်ဖို့မလိုဘူးပေါ့ local မှာတင် ပြီးမယ်လေ..PHP နဲ့ရေးလိုက်မယ်ဆိုရင် server မှာသွားပြီ form ကို အလုပ်လုပ်ပြီးမှ html အနေနဲ့ response ပြန်လာ user ကိုပြ အချိန်ပိုကြာတာပေါ့..။ ဒါက ကျနော်နားလည်သလောက်အကြမ်းမျဉ်းပြောတာပါ..

  • Clocks
  • Mouse Trailers (an animation that follows your mouse when you surf a site)
  • Drop Down Menus
  • Alert Messages
  • Popup Windows
  • HTML Form Data Validation ဒီလို တွေမှာ java script ကိုအရမ်းသုံးပါတယ်။။

ကျနော်နဲ့အတူလေ့လာမယ့် သူငယ်ချင်းတို့ဟာ HTML ကိုနားလည်တက်ကျွမ်းထားသင့်ပါတယ်။ HTML ရရင် အဆင်ပြေမယ်ထင်ပါတယ်.။ html မရသေးရင် သူ့ကိုအရင်လေ့လာလိုက်ပါ

ကဲကျနော်နဲ့အတူတူလေ့လာကျမယ်နော် ကျနော်လိုအပ်တာရှိခဲ့ရင် ကျနော်ရဲ့ အကိုအမတွေကလည်းထောက်ပြပေးဖို့မျှောလင့်ပါတယ်…

ကဲစလိုက်ကျစို့သူငယ်ချင်းတို့ရေ

ထုံးစံတိုင်း Hello World ကပဲ စလိုက်ရအောင် ဗျာနော်

HTML & JavaScript Code:

အောက်က ကုဒ်လေးကို notepad သိုမဟုတ် any source area တခုခုမှာရိုက်လိုက်ပါ ပြီးရင်တော့ yourname.html နဲ့ သိမ်းပါ yourname ဆိုတဲ့နေရာမှာ ကိုကြိုက်တဲ့နာမည်ပေါ့ ဖိုင် NAME က .html ဖြင့် သိမ်းရပါမယ်

<html>
<body>
<script type="text/JavaScript">
<!--
document.write("Hello World!")
//-->
</script>
</body>
</html>

Display:

result က ဒီလိုရပါမယ်

Hello World!

line no 1 : မှာ ကတော့ html နဲ့စပါတယ်။။ ပြီးတော့ အောက်ဆုံးလိုင်းမှာပိတ်ထားပါတယ်။ html ရထားရင်ဒါတွေပြောနေဖို့ မလိုလောက်ပါဘူး
line no 2 : မှာ body  tag စပါတယ်။ ကျနော်တို့ ရေးချင်တဲ့ စာသားပေါ်စေချင်တာကို body မှာရေးပါတယ်။။
line no 3 : မှာတော့ browser ကို script စသုံးမယ်လို့ စတင်ပြောလိုက်ပါတယ် <script> tag နဲ့ပါ။ ပြီးတော့ type ကို  “text/JavaScript” အဖြစ်သတ်မှတ်လိုက်ပါတယ်.. CSS လေ့လာဖူးရင်သတိထားမိမယ်ထင်တယ် သူ့ကိုလည်း “text/css” ဒီလိုသတ်မှတ်တာကို..

Comment
“<-!”  လေးရယ် နောက်  “//–>” တွေ သတိထားမိမယ်ထင်တယ်။ comment (မှတ်ချက်) ပိတ်တာပါ program တွေရေးတဲ့အခါ ရှုတ်ထွေးတက်လွန်းလို့ မှတ်မိလွယ်အောင် မည်သည့်ကုဒ်ဖြစ်ကြောင်း မှတ်သားစာတွေကို comment လို့ခေါ်ပါတယ် မပါလည်းရပါတယ် ။။ ဒါဆိုဘာလို့ထည့်လည်းပေါ့ ..ဟုတ်ကဲ့အကြောင်းရှိပါတယ်
browser တွေဟာ တခုနဲ့ support လုပ်ပုံချင်းမတူညီကြတာကြောင့် တကယ်လို့များ ကျနော်တို့ရေးတာကို support မလုပ်ခဲ့ရင် ဘာမှမပေါ်ဘဲ အဖြူရောင် screen ကြီးပဲပေါ်ဖို့အတွက်ပါ။ support မလုပ်တာနဲ့  ” //-> ” ဒါလေးကိုမြင်ပြီးတော့ html အပိတ်စီ တန်းဆင်းသွားပါတယ် ဒီတော့ user ကို အဖြုရောင် plain area ကြီးပဲပြပါလိမ့်မည်..

JavaScript document.write

line no 5 : မှာ တော့ document.write ဆိုတဲ့ function ကိုခေါ်သုံးထားပါတယ် သူက string (စာသားတွေ ) ကိုရိုက်ထုတ်ပြပါမယ် user ကို output ပြချင်ရင် သုံတာပါ..မိမိပေါ်စေချင်တာ ရိုက်ထုတ်ချင်တာကိုတော့
document.write(” ကိုပေါ်ချင်တာ” ) ဆိုပြီးရိုက်ထုတ်ပါ ကျနော်တို့ အပေါ်မှာ “Hello world” ရိုက်ခဲ့လို့ hello world ပေါ်မှာပါ..
document.write ဆိုတဲ့ function ကို ကောင်းကောင်းနားမလည်သေးလည်း ခုတော့ စာသားတွေ ရိုက်ထုတ်တဲ့ function လိုခဏမှတ်ထားပေးပါ နောက်ပိုင်း ကျနော်တို့လေ့လာရင်းဆွေးနွေးရင်းနာလည်သွားမှာပါ..

Syntax

အပေါ်က ကျနော်တို့ java script ကိုကြည့်မယ်ဆိုရင် statement တခုရဲ့ အဆုံမှာ semicolon မပါတာ သတိထားမိမှာပါ ” document.write(“Hello World!”) ” ဘာလို့လဲလို့မေးစရာရှိလာပါပြီ ။ ဘာလို့လဲဆိုတော့ javascript မှာ statement တခုအဆုံးမှာ မထည့်လည်းရလို့ပါ။။
မထည့်လဲရတယ်ဆိုတော့ ထည့်လည်းရတယ်ပေါ့ ကျနော်တို့ကတော့ထည့်ပါတယ်။။ ဒီလိုလေးရေးပါတယ်

” document.write(“Hello World!”); ” ဒါကတော့ လွတ်လွတ်လပ်လပ်ပါ ထည့်လည်းရတယ် မထည့်လည်းရတယ် ။။အတွေ့ကြုံ ရှိ programer အများစုကတော့ရေးထည့်ရေးလေ့ရှိပါတယ် ။ ဒါပေမယ့် line တလိုင်းထဲမှာ document.write statement ၂ ခုရေးတဲ့ခါမှာတော့ထည့်ရပါမယ်။။ ဒီတော့အလေ့ကျင့်ဖြစ်အောင် ထည့်ရေးပါလို့ အကြံပြုလိုက်ပါတယ်။ statement တခုပြီးတိုင်း ; (semicolon ) ထည့်ရေးပါလို့အကြံပြုရင်းကျနော်နဲ့အတူ နောက်တပတ် ဆက်လက်လေ့လာဖို့ဖိတ်ခေါ်လိုက်ပါရစေ……

ဆက်လက်ဖော်ပြပါမည်……..
လေးစားစွာဖြင့်
ရဲပိုင်ဖြိုး

Categories: Java Script Tags: ,