Archive

Archive for the ‘Linux’ Category

ကျနော် သိသော Android အကြောင်း (၂)

February 1, 2012 Leave a comment

အရင် ကျနော်သိသော Android အကြောင်း အပိုင်းမှာ တုန်းက နည်းပညာပိုင်း ဆိုင်ရာ အသုံးနှုန်းပိုင်း အနည်းငယ်သာ ပါဝင်အောင် ရေးးသားခဲ့ပြီး မည်သူမဆို ဖတ်ရှု့ လို့ ရနိုင်မယ့် အခြေအနေမျိုး တင်ပြခဲ့ပါတယ်။ ယခု အပိုင်း (၂) မှာတော့ နည်းပညာပိုင်းဆိုင်ရာ စကားလုံးများ အသုံးနှုန်းများ အနည်းငယ်ပိုမို ပါဝင်လာမှာဖြစ်တယ်ဆိုတာ ဦးစွာပထမ အသိပေးပါရစေ။ ယခု အပိုင်း (၂) မှာ Android ကို ဘယ်လို ဘယ်ပုံဖွဲ့ စည်းထားလဲဆိုတာကို ကျနော်သိသလောက် အတက်နိုင်ဆုံးတင်ပြ ရေးသားသွားမှာပါ။ လိုအပ်ချက်တွေရှိနေခဲ့ရင် မှားယွင်းနေတာများရှိရင်လဲ စာဖတ်သူတို့ ရဲ့ အတွေ့ အကြုံကိုလဲ ချက်ခြင်းဝေမျှပေးဖို့ ထောက်ပြဝေဖန်ပေးဖို့ ကြိုတင်ပန်ကြားအပ်ပါတယ်။ ဒါမှ ပိုပြီးမှန်ကန် ကောင်းမွန်တဲ့ အချက်အလက်တွေလူအများဆီကိုရောက်နိုင်မယ်လို့  ကျနော်ထင်ပါတယ်။

Android ကိုဘယ်လို ဖွဲ့ စည်းထားပါသလဲ?

ဒီမေးခွန်းဟာ သိပ်ကို မေးသင့်မေးအပ်တဲ့ မေးခွန်းတခုဖြစ်သလို သိထားသင့်တဲ့အချက်ထဲမှာလဲပါဝင်ပါတယ်။ ဘာလို့ လဲဆိုတော့ ကိုယ်က Android developer တစ်ယောက် ဖြစ်ဖို့  စိတ်ကူးရှိနေပြီဆိုရင်တော့ ကိုယ်စီးမယ့်မြင်းဟာ အထီးလား အမလားဆိုတာတော့ သိထားသင့်တယ် မဟုတ်လား။ Android Application ကိုရေးသားမယ့် developer တစ်ယောက်ဟာ ကိုယ်ရေးသားမယ့် Operating System ဟာ ဘယ်လို ဖွဲ့ စည်းတည်ဆောက်ထားသလဲ system ရဲ့ အခင်းအကျင်း တွေကို ကောင်းစွာ နားလည် သဘောပေါက် ထားမှသလျှင် ကိုယ်ရေးသားမည့် application တွေဟာ ၄င်း OS ပေါ်မှာ ကောင်းစွာ အလုပ်လုပ်မှာပါ။ Read more…

Categories: Android, Java, Linux, Mobile

How to Disable Ubuntu Login Sound

January 26, 2012 1 comment

Sometime, Ubuntu login sound makes us difficult to turn on our PC when we are in conference room, meeting room, class room and so on. Because all of the people will notice us, if our Ubuntu login sound will come out loudly. This tutorial post is intended to disable login sound on your Ubuntu. Here is how to disable your Ubuntu Login sound.
Open terminal, and copy and paste the following command to your terminal:

gksudo gedit /usr/share/gnome/autostart/libcanberra-login-sound.desktop


Go at the bottom of the file and set NoDisplay=false. Then, save this file. Open the Startup Applications . Deslect the Gone Login Sound in the following screenshot.

Categories: Ubuntu

How can I know if my OS is 32 bit or 64 bit ?

December 3, 2010 3 comments

ကိုယ်သုံးနေတဲ့စက်က 32 bit လား 64 bit လား ဘယ်လိုသိရမလဲ ? သိထားရမှာပေါ့ ဒီလောက်အခြေခံကျတဲ့ အချက်တွေကိုတော့။

ကျနော်ကို ခဏခဏလာမေးကျတယ် ဒါကြောင့် ဒီပို့ စ်လေးကိုရေးဖြစ်သွားတာပါ။

Window

တကယ်လို့ များ ကျနော်တို့ Windows Vista (သို့ ) Windows 7 ကိုသာ အသုံးပြုနေမယ်ဆိုရင်တော့ (System Properties)ကနေပြီး ကြည့်လို့ ရပါတယ်။

1. My Computer ကို ဖွင့်လိုက်ပါ။ ( Windows Key + E )

2. Right Click > Properties ကိုသွားလိုက်ပါ။ ( Alt + Enter)

ဒီလိုမှ မသွားချင်ရင်တော့

For Vista Start -> Control Panel -> System and Maintenance -> System. The System type:

For W 7 -> tart -> Control Panel -> System and Security -> System. The System type:

အဲလို အဆင့်ဆင့်သွားရင်  System Properties ကိုရောက်ပါလိမ့်မယ် ။ ကျနော်တို့ သုံနေတာ 32 bit များပါလိမ့်မယ် ။ သူငယ်ချင်း စက်က CPU က Core 2 Duro ကြီးပဲဖြစ်နေပါစေအုံး 64 bit support  လုပ်ပေမယ့် 64 bit OS မသုံးထားတော့ CPU အမြင့်ကြီးတက်ထားပြီး  performace အပြည့်မရတဲ့ဘ၀ပေါ့။ 64 bit က 32 bit ထက်စာရင် app တော့ရှားမယ်ထင်တယ် ။

တကယ်လို့ များ XP ကိုသာ သုံးထားမယ်ဆိုရင်

1. Start > Run ( Windows Key + R )

2. dxdiag  လို့ ရိုက်ပြီး Enter နှိပ်လို်က်ပါ။

တကယ်လို့ များ Windows Prompt တခုကျလာပြီး want to verify your drivers ဆို ပြီး မေးလာခဲ့ရင် No ကိုသာနှိပ်ပြီး ဆက်သွားလိုက်ပါ။ ဒါဆိုရင် အောက်က အတိုင်းတွေ့ ရပါလိမ့်မယ်။

win xp

Mac

Mac အတွက်ကတော့ Apple Menu လေးကနေ About This Mac ကိုသွားပါ။  Mac OSX က အောက် ကအတိုင်း OS version နဲ့  Processor version ကိုပြပါလိမ့်မယ်။ Read more…

Categories: Linux, Windows