Archive

Posts Tagged ‘C#’

C# and .Net Framework နဲ့ မိတ်ဆက်ပေးခြင်း

June 25, 2010 1 comment

IT နယ်ပယ်က ညီကိုမောင်နှမတွေ အားလုံးပဲ မင်္ဂလာပါလို့ နှုတ်ခွန်းဆက်သလိုက်ပါတယ်..။ ကျနော် သိတာလေးနဲနဲလောက် တင်ပြ ခွင့်ပြုပါ။ ကျနော် စာအရေးသားတင်ပြမှု ညံ့တဲ့အတွက် သီး(သည်း)ခံခွင့်လွတ်ပေးကျဖို့ တောင်းဆိုပါရစေ…။ ကျနော်ကွန်ပျုတာနဲ့စတင်ထိတွေ့ခွင့်ရတာ မကြာသေးပါဘူး။ ကျနော်လည်းကျောင်းသားတဦးပါ။  အမှားများရှိရင်ပြင်ဆင် သင်ကြားပေးကြပါလို့ တောင်းဆိုပါရစေ။  ကျနော်က Professional တယောက်မဟုတ်သလို .Net ပိုင်းကလည်းမဟုတ်တော့ အမှားများရှိခဲ့လျှင်  တိတ်တိတ်လေးမနေပဲ ထောက်ပြပေးခဲ့ပါလို့ သိချင်တာရှိများ ရှိခဲ့လျင်  မေးခဲ့ပါ အတူတူ လေ့လာဖြေရှင်းကျတာပေါ့။ သိတဲ့အကိုတွေ အမတွေဖြေကြားပေးပါလိမ့်မယ်…။

ဒီပို့စ်လေးရဲ့ ရည်ရွယ်ချက်ကလည်း စတင်မိတ်ဆက်ပေးခြင်းဆိုတော့ မိတ်ဆက်သဘောပါ ကျန်တာတွေကိုယ့်ဖာသာလေ့လာရမယ်နော် ..။

ကဲ ဒီအကြောင်းဖတ်မယ်ဆို programming အခြေခံနဲနဲ ရှိထားရင် .Net language တခုခု (သို့) Java လေ့လားထားဖူးရင်တော့
နားလည်လွယ်ကျမှာပါ.။ ကျနော် စတင်ရွီးပါပြီ အဲ စတင်ဆွေးနွေးလိုက်ကျရအောင်…။

ကျနော် C# ကိုမပြောခင် .Net ကို နဲနဲ အရင် ပြောချင်ပါတယ်။ Java နှင့် လည်း နှိုင်းယှဉ်ဆွေးနွေးပေးသွားပါ့မယ်။ကျနော် သိသလောက်ကတော့   .Net က O/S (Operation System ) ရွေးပါတယ်။ Microsoft (Windows) Platform ပဲ run လို့ရပါတယ် ။ဒါကြောင့်မို့ .Net ဟာ OS independent မဖြစ်ပါဘူး။ Java ကတော့ အဲလိုမဟုတ်ပဲ O/S ကိုမေ၇ွးပါဘူး။ ဘာကြောင့်လဲဆိုတော့သူမှာ JVM ဆိုတဲ့ Java Virtual Machine ရှိနေလို့ပါပဲ။  Java program ဟာတစ်ကြိမ်ရေး ပြီး source code(exmpale.java) ကို compile(example.class) လုပ်ပြီးရင် JVM ရှိတဲ့ကြိုက်တဲ့ O/S run ပါ။  JVM တော့ ကိုသုံးမယ့်စက်မှာ တင်ထားရမှာပေါ့။ WORM (Write Once Read Many) ဆိုတော့ OS independent ဖြစ်တာပေါ့ဗျာ ။

အဲ ဒါနဲ့ OS ဆိုတာတွေကတော့ ဥပမာ အားဖြင့် ဒီလိုမျိုး အမျိုးစားတွေ (XP, Vista, Windows 7), Linux ( Fedora,

Ubuntu..etc) ,Solaris and Macintosh (OS X) ရှိပါတယ်။ ကဲထားပါတော့ လမ်းတွေလဲ လွဲကုန်ပြီ ပြောချင်တာကများနေတော့။ အနှစ်ချုပ်ကတော့ဗျာ .Net က O/S လွပ်လပ်မှမရှိဘူး၊ java က ရှိတယ် ကဲဟုတ်ပြီနော်။
မှတ်ချက်။ ။ ခုတော့ အခြား platform

ကျနော် ပထမပိုင်းမှာတုန်းက .Net Framework က OS independent ဖြစ်ကြောင်းဆွေးနွေးခဲ့ပါတယ် အခုနောက်ထပ်ဆွေးနွေးမှုလုပ်ပါမယ်..။
နောက်တချက်ပြောမယ် .Net က Language Independent ရှိတယ်သူ့မှာ ကြိုက်တဲ့ Language လာရေး Framework စည်း မျည်းကိုလိုက်နာတဲ့ ဘယ်
Language မဆို ကဲဗျာ VB.net 2005 နဲ့ရေးမလား VC++.net 2003 ,C# ကြိုက်တာနဲ့ရေး
Framework ပေါ်မှာ ..။ပြောချင်တာတော့ဗျာ Framework ပေါ်မှာ programming language တွေ
အများကြီးရေးလို့ရတယ် ပေါ့။ java မှာတော့မရဘူးလေနော် java ကသူ့ ရဲ့ ပေါ်မှာ java
language တခုတည်းပဲရေးလို့ရတယ်လေ.. ပြီးတော့ Compile လုပ်ပြီး တော့ executable
ဖြစ်တာပဲလေ ။

အနှစ်ချုပ်ရရင်တော့ .Net Framework က language ရွေးချယ်မှု မရှိဘူး ။ java မှာတော့ရှိတယ်။

.Net Time Line History


ဒီလိုထွက်ရှိခဲ့ပါတယ်.။။

Microsoft .Net Framework

.Net Framework

ကနေပြီးတော့ Webservice ,Webforms နဲ့ WindowsForms တွေကိုလုပ်ဆိုင်နိုင်တယ် အပေါ်က LAYER တွေကိုကြည့်ရင်ဖြစ် မြင်နိုင်နားလည်နိုင်မယ်လို့မြင်ပါတယ်။
Framework မှာ Data and XML classes ,FBC (Frame Base Class) တွေ CLR (Common Language Run time) တွေပါဝင်ပါတယ်။
Data Base နဲ့သက်ဆိုင်တဲ့ function တွေ စတာတွေထည့်ထားတာပေါ့ (ADO.net တို့ SQL စတာတွေပေါ့ ) တခါတည်းကြိုရေးထားတာပေါ့..။ ကျနော်တို့ Web ဆိုဒ်မှာ အသင်းဝင်ရင်ဗျာ user name , password စတာတွေရိုက်ထည့်ရတယ်ဗျာ ဒါတွေကိုနောက်တကြိမ်ဝင်ရင် မှန်မှန်စစ်ဖို့ Database မှာသွားသိမ်းရတယ်လေ
အဲလိုသိမ်းဖို့ database နဲ့ချိတ်ဖို့လိုတဲ့ classes တွေဆုထားတဲ့ ဟာတွေ
ပါတယ်ပေါ့ဗျာ .Net frameworkကြီးမှာပေါ့။ XML ကတော့ထပ်ခါထပ်ခါသုံးလို့ရတဲ့ data တွေ သုံးတယ် သူက database ထပ်ပေါ့တယ်.။ဒီတော့ ဒေတာတွေကို database
မလိုပဲသိမ်းလို့ရတဲ့အခါမျိုးမှာ သူ့ကိုသုံးတယ် သူက text ဖိုင်အနေနဲ့သိမ်းတာကိုး
HTML နဲ့ နဲနဲဆင်တယ်ဗျ.။ ဒါတွေက Framework ထဲမှာ ပါတယ် ဒီလိုတွေဆုထားလို့ .NetFramework လို့ပြောတာပေါ့ ကျနော်တို့လိုရင်ခေါ်သုံးမယ် အဲ Framework ထဲက classes တွေကိုပေါ့…။

Frame Class Library

¢ FCL contains thousands of classes to provide access to Data Access,    String Manipulation, Collections, IO, Streams, Threads, Security, Network Programming, Window Programming, Web Programming.
¢ These thousand of classes are hold in namespace.
¢ All these classes are OO design and fully extensible.
¢ You can also apply inheritance and polymorphism to these classes.

ဟီး မြန်မာလိုရေးရင်တောင်လိုရင်း ရောက်မယ်မထင်ဘူး ။ အင်းအပေါ်ကပြောသလိုပေါ့ဗျာ FCL ဆိုတာလည်း .Net ရဲ့ Framework ထဲမှာ ပါဝင်တဲ့ classes library အစုဝေးကြီးပါပဲ သူမှာ classes ပေါင်းမြောက်များစွာပါဝင်ပါတယ် သူထောက်ပံ့ပေးတဲ့တွေကတော့ဗျာ Data Access, String Manipulation, Collections, IO, Streams, Threads, Security, Network Programming, Window Programming, Web Programming. တွေပါပဲ…။ Namespace အောက်မှာ ကျနော်တို့ class တွေအများကြီးတည် ဆောက်လို့ရပါတယ်…classes တွေအားလုံးက OOP (Object Orient programming) တွေပါ ဒါကြောင့် ကျနော်တို့ inheritance , polymorphism and encapsulation ဆိုတဲ့လုပ်ဆောင်ချက်တွေ လုပ်ဆောင်နိုင်တယ်ပေါ့ဗျာ ။
Inheritance ဆိုတာကတော့ဗျာ ဥပမာ ကျနော်က class တခုဆောက်လိုက်မယ် student ဆိုတဲ့ classes ပေါ့

Student

{
Name:
NRC:
Address:
}

တွေပါမယ်ပေါ့ဗျာ ကျနော်ကအောက်မှာ Employee နဲ့ Teacher ဆိုတာကိုထပ်ဆောက်မယ် ဒီလိုတည်ဆောက်တဲ့အခါမှာလည်း အပေါ်က student classes ထဲက member တွေလိုပဲလိုချင်တယ်ဆိုပါတော့ ဒီတော့ အဲလိုထပ်ထပ်ပြီးမရေးနေတော့ပဲ ကျနော်က student classes ကို အမွေဆက်ခံမယ်ဗျာ
Employee: Student

Teacher: Student ဒါဆို student မှာပါတာတွေလည်းသူတို့မှာပါပြီပေါ့ ဒါကိုပြောတာပါ….
Encapsulation ဆိုတာကတော့ တကယ့်source ကို အုပ်ထားပြီး အပြင်က properties ပဲပြထားတာပေါ့..capsu ဆိုတာကြားဖူးမှာပေါ့ ဆေးတောက်တွေလေ အထဲကဆေးမှုန့်မှုရင်းကို အပြင်က အခွံလေးနဲ့အုပ်ထားတာပါ ဒီလိုပုံစံပေါ့ ။(ဟီး ဆိုင်တော့ဆိုင်ဘူး ဗဟုသုတပြောအုံးမယ် အင်္ဂလိပ်ဆေးက ကပ်ဆူးတောင့်ခွံကို ဂဏာန်းကောင်ရဲ့ အခွံတွေနဲ့ပြုလုပ်တယ်လို့ Chemistry စာအုပ်တွေမှာဖတ်ခဲ့ဖူးတယ်)

Poly ကတော့မူကွဲပုံစံတွေပါ

ကျနော်ပြောချင်တာတွေများပြီးလိုရင်ချော်ချော်ထွက်တက်လို့ အားနာတယ်ဗျာ..။ ကျနော်ရှင်းတာ အချိတ်ဆက်တော့မိမယ်မထင်ဘူးး ဟီး နဲနဲတော့ သီးခံပေးကြပါဗျာ ကျနော်မရေးတက်ဘူးဗျ တင်ပြပုံစံကို။
Class library ကိုတော့အကြမ်းမျဉ်းနားလည်နိုင်မယ်လို့ မျှော်လင့်ပါတယ်။

Common Language Run-Time (CLR)

ကျနော်တို့ ဒီမှာကြည့်လိုက်တော့ ထူးခြားတာလေး တခုတွေ့မိလားဗျ ။ ဒါကတော့ Compiler ၂ ခါလုပ်တာပါ..
ဘာလို့လုပ်ရသလဲဆိုတော့ ကျနော်တို့က .Net Framework မှာ ကြိုက်တဲ့ Language နဲ့ရေးလို့ရတယ်ဆိုတော့ Compile လုပ်တဲ့အခါ syntax တွေမတူတာတွေကိုကြားက နေ Compile လုပ်ဖို့တခုခုလိုအပ်နေတာပါ။ ကျနော်ဆိုလိုချင်တာကတော့ဗျာ ကျနော်တို့

Visual Studio.Net မှာ Integer variable ကိုကြေငြာတော့ Dim num1 as Integer လို့ကြေငြာတယ် အိုကေ။

C# မှာတေ့ Int num1; ဆိုပြီးတော့ကြေငြာတယ် ။။။ အဲလို မတူတဲ့ Syntax တွေကို အရင်ဆုံး CLR နားလည်မည့် code ရအောင် ကျနော်တို့ကြားမှာ Compile လုပ်ရတယ်ဗျာ ကြိုက်တဲ့ Language နဲ့Framwork ပေါ်မှာ ရေးလာခဲ့ဗျ.. Integer ပဲဖြစ်ဖြစ် Int ပဲဖြစ်ဖြစ် ရေးလာခဲ့ဗျာ သူက အရင်ဆုံ နားလည်တာ ကတော့ Integer32 (4byets )ဆိုပြီးတော့ပဲသိတယ် ဘုံအနေနဲ့ သူက ပြောင်းပေးလိမ့်မယ်ဗျ Integer32 ဆိုပြီးတော့ပေါ့ ဒီိလိုပြောင်းလိုက်လို့ရလာတာက IL (intermediate Language Code ) ပါ သူ့ကို Common language Runtime မှာပါတဲ့ JIT (Just In time ) က compile လုပ်မှ သာ exe ဖိုင်လေးရပြီး Native code လေးရပြီး CPU က interpret လုပ်ပြီး OS နားလည်တဲ့ code ရပါတယ်.။
Assembly (DLL files)
IL (intermediate language code ) နဲ့ Metadata ၂ ခုကို ကျနော်တို့ MSIL (Microsoft Intermediate Language) လို့ခေါ်ပါတယ် ဒါကိုကျနော်တို့က .dll (dynamic link library) ဖိုင်နဲ့သိမ်းပါတယ် ( Assembly )လို့ခေါ်တယ်။
Assembly မှာ private နဲ့ Global ရှိတယ်။
Metadata

(ကျနော်တို့ C# နဲ့ရေးထားတာကိုဘယ်လိုပြန်ထားတယ် Int ကနေ Integer32 ကိုပြောင်းထားတယ် စသည့်ဖြင့် သတင်းအချက်လက်တွေထည့်ပေးလိုက်တာပါ.)
Metadata accurately describes all the classes you wrote and how they are structured. All of the classes methods and variable information is fully described in the metadata.

Private Assembly

ကတော့ ကျနော်တို့ ရေးပြီးတာနဲ့ ကျနော်တို့ရဲ့ application ဖိုဒါအောက်မှာကျနေပါပြီ၊ ဒီ application တခုမှာပဲသုံးလို့ရမှာပါ။ (You make your code available to a single application in the same directory as your assembly.)

Global Assembly
ဆိုတာကတော့ ဒီဖိုင်ကိုပဲ အခြား application ကသုံးလို့ရတယ် ဒီဖိုင်လေးပဲ ကော်ပီထည့်ပေး၇င်တောင်ရတယ်။(If you want to share your code among many applications, you have to consider deploying your code as a global assembly.)

Just In Time (JIT) In CLR

CLR ထဲမှာပါတဲ့ JIT (just in time)compiler ဟာ IL code ကို native code
အဖြစ် compile လုပ်လိုက်ပါတယ် ဒီအခါမှာ OS က နားလည်တဲ့ exe file
ကိုထုတ်ပေးပါတယ်။။။

Garbage Collector (GC)

ွGarbage Collector ကတော့ memory manage လုပ်တဲ့သူပါ.. .Net platform
မှာပါဝင်ပါတဲ့ကောင်းတဲ့အချက်တခုပါပဲ အရင်ကတော့ C++ မှာ မပါဝင်ဘဲ C#
မှာတော့ရပါတယ် C++ မှာအရင်ကဆိုကိုတိုင် Memory manage အတွက် ရေးပေးရပါတယ်။
အခုခါမှာ .Net framework ကြီး ကြီးလာတာနဲ့အမျှ ပိုကောင်းတဲ့ feature
တွေပါဝင်လာပါတယ်.။ Memory manage လုပ်တယ်ဆိုတာကတော့ဗျာ RAM ပေါ်မှာ
မလိုအပ်ပဲရှိနေတဲ့ဖိုင်တွေ အလုပ်လုပ်ဖို့မလိုပဲနေရာယူနေတဲ့ဖိုင်တွေကို
automatically ရှင်းလင်းပေးပါတယ်။ ဒီတော့ RAM မှာ မလိုအပ်တဲ့ဖိုင်တွေ
variable တွေမရှိနေတော့တဲ့တွက် performance ကလည်းတက်လာမှာပါ..။

.NET IDE (Integrated Development Environment)

IDE တွေ ကောင်းလာတာတော့အမှန်ကိုပါပဲ Microsoft ရဲ့ IDE ကို တခြား Platform
တွေမယှဉ်နိုင်တာ
တော့အားလုံးဝန်ခံကြမယ်ထင်ပါတယ်..(သူ့ရဲ့အားသာချက်ကလည်းနောက်ပိုင်း
အားနည်းချက်တွေဖြစ်လာခဲ့တာပါ) ကိုယ်တိုင် သေချာမတက်ကျွမ်းတော့လို့ပါ..IDE
က Developer တွေကို အရမ်းကိုကူညီပါတယ် ဥပမာဗျာ..
.Net framework မှာ Keyword and syntax တွေကို အရောင်လေးတွေနဲ့
highlighting ပြပေးတယ် (ဒီတော့ identifier တွေ ပေးတဲ့အခါမှာ
မှားစရာမလိုတော့ဘူးဗျာ ) case sensitive ဖြစ်မှုကို
လျှော့ချနိုင်တာပေါ့ဗျာ။
နောက် drag and drop တွေလုပ်နိုင်လာတယ်ဗျာ java မှာဆို button ကို
ကိုယ်တိုင်ရေးနေရပေမယ့် .net မှာ drag and drop လုပ်ယုံနဲ့
လုပ်လို့ရနေပါပြီ end user
တွေတောင်နဲနဲပြရင်လုပ်တက်လာနိုင်လောက်အောင်လွယ်ကူလာပါတယ်…ကျနော်တခါ က
PHP နဲ့ ASP တို့အားပြိုင်တဲ့ပွဲတခုတက်ဖူးတယ် အဲပွဲမှာတုန်းက PHP က
database နဲ့ web page ကိုချိတ်ဆက်ဖို့ coding 6 lines လောက်ရေးရပါတယ်..
ဒါပေမယ့် .Net မှာရေးရင်တော့သူ့ထက်များမှာပါ ဒီတော့ ပွဲမှာ
အနိုင်ရဖို့အတွက် .Net ကအကိုတွေက ကျနော်တို့ coding လုံးဝမရေးပဲ database
နဲကချိတ်ပြမယ်လို့ ပြောပါတယ် ။ ပရိတ်သတ်ကလည်းဗျာ စိတ်ဝင်စားတာပေါ့ သူက
.Net ရဲ့ အားသာချက်ဖြစ်တဲ့ IDE ကိုသုံးပြီးလုပ်ချသွားတာ database မှာ
table ဆောက်တယ် ပြီးတော့ Web page ကနေ Table ကို
လမ်းကြောင်းရွေးပြီး(BROWSE ) ဆိုတာလေးနှိပ်ပြီးလုပ်သွားတာ coading
တောင်မလိုလိုက်ဘူး ဗျာ…ရေးချသွားတာ…ဒီတော့ IDE ကဘယ်လောက်တောင်
Developer တွေကိုကူညီတယ်ဆိုတာနားလည်လောက်မှာပါ..။ (သူကိုတိုင်လည်း IDE ကို
အားမပေးခဲ့ပါဘူး သေချာလေ့လာဖို့ဆိုရင် တော့ C++ လို အခြေခံကလေ့လာပြီး
လုပ်ဖို့တော့ပြောကြားခဲ့ပါတယ် အဲလုပ်ငန်းခွင်က ၀င်ဖို့ ၂ လ ၃
လသာလိုတယ်ဆိုရင်တော့ IDE ကိုလေ့လာပြီးဝင် ပြီးမှသေချာသိအောင်လေ့လာပေါ့ဗျာ)
နောက်ပြီး error တွေရှိရင်လည်း
တွန့်လိုင်းလေးနဲ့တွန့်ပြတော့အမှားရှာရလွယ်ကူတယ် (နော်က Break line )
နဲ့လည်းသေချာ စစ်ဆေးနိုင်တယ်လေ.။ကိုက method တခုခုရိုက်လိုက်တာနဲ့
သူ့နဲ့သက်ဆိုင်တဲ့ Methods တွေကျလာတယ် ပြီးတော့ ကိုကရွေးချယ်ဖို့ space
လေးပုပ်ပေးလိုက်တာနဲ့ အိုကေနေပြီလေ ။ case sensitive ကိုလုံးဝ
လျှော့ချနိုင်ပြီလေ ။အမှားရှာရင်လည်း IDE ရဲ့အားကိုးနဲ့ debugging
ကောင်းကောင်းလုပ်လာနိုင်ပါတယ် …။MSDN (Microsoft Development Network
Library ) ကြီးပေါ့ဗျာ။

လေးစားစွာဖြင့်
ရဲပိုင်ဖြိုး

Categories: .Net Tags: , ,