Archive

Archive for the ‘Network’ Category

Remote Connection & Direct Access

Most of the organizations are facing a big problem to connect with mobile users and remote connectivity .To solve this problem, they are building a Remote Connection with Virtual Private Network (VPN). Installing the VPN client software on mobile computer and building the VPN connection depend on the type of VPN. I’d like to introduce you with Data Access Feature doesn’t need to build the complex VPN Connection , between Windows 7 and Server 2008. It can connect directly between those stuffs  with Intranet Base. Users can connect for  the both Indoor and Outdoor with the same connecting style and feature.


Direct Access into the intranet is easier and faster than VPN. Direct Access is not like with VPN because that builds the connection when It was starting . So, Mobile Users and Intranet are connected everytime, but VPN is not like that.

Categories: Network, Windows

Direction of Data Flow

June 27, 2010 2 comments

ကျနော်ရေးသားလိုတာက data communication ရဲ့ အခြေခံ အချက်လက်တွေပါပဲ ကွန်ပျုတာ နဲ ထိတွေ့ မည့်သူတွေအားလုံးသိထားသင့်တဲ့အခြေခံ အချက်လက်တွေလို့ ယူဆပါတယ် .. ဒါကြောင့် ကျနော် data communication လေ့လာခဲ့ဖူးတာလေးတွေကို ကျနော်နားလည်သလောက်သိသလောက်ပြန်လည် ဝေမျှချင်းသာဖြစ်ပါတယ်.။

Direction of Data Flow
Direction of Data flow ဆိုတော့ Data တွေဟာ device တွေကြားမှာ ဘယ်လို ဦးတည်ရာပုံစံမျိုး နဲ့  ဆက်သွယ် communicate လုပ်နေတယ်ဆိုတာ၊ အချင်းချင်း ဘယ်လို အပြန်လှန် ဆွက်သွယ်တယ်ဆိုတာ ကိုဆိုလိုတာပါပဲ။ ကျနော်တို့ အားလုံး ဒီနေရာမှာ device ဆိုတာ နားလည်ထားဖို့ လိုပါမယ်။ ကျနော် Data communication အကြောင်းမှာ sender တွေ receiver တွေအကြောင်း အနည်းငယ် ရှင်းပြခဲ့ဖူးပါတယ်။ သူတို ဟာ device တွေပါ။ အချက်လက်တွေကို ပေးပို့ မယ် လက်ခံမယ် (ဆက်သွယ်မှုပြလုပ်မယ်)ဒါတွေကို လုပ်ဆောင်မယ့်သူတွေပါ ။

Device တခုနှင့် တခုကြား ဆက်သွယ်မှု communication ပြုလုပ်ကျတဲ့ အခါမှာ data ရဲ့ flow ပုံစံတွေက simplex သော်လည်းကောင်း၊ half-duplex သော်လည်းကောင်း ၊ full-duplex သောလည်းကောင်းဆိုပြီး ဖြစ်နိုင်ပါတယ်။ Read more…

Categories: Network Tags: ,

Data Representation ဆိုတာဘာလဲ

Data Representation

Data and Information
ဒီအကြောင်းလေး မပြောခင် ကျနော်တို့ သိရှိထားရမှာက Data and Information ရဲ့အဓိက ခြားနားချက်ကိုပါ။ ဒါကို ကျနော် ဥပမာပေးရမယ်ဆိုရင် ကျနော်တို့ ကောင်မလေး တယောက်အကြောင်း စုံစမ်းကြမယ်ပေါ့ဗျာ။။ ကျနော်က ကောင်မလေး ဘယ်အချိန် သင်တန်းသွားမလဲဆိုတာ သိချင်တယ် ။။ ဒါကြောင့်ကောင်မလေး ဘယ်အချိန်သွားမလဲ သိရအောင် စုံစမ်းဖို့ လူလွတ်ထားတယ်ပေါ့ဗျာ.။ အဲစုံစမ်းတဲ့လူက ဗျာ ကောင်မလေး ဘယ်ချိန်ဈေးသွားကြောင်း ဘယ်ချိန်မှာ သီချင်းနားထောင် ဘယ်ချိန်မှာ Television ကြည့်တယ် အင်တာနက်သုံးတယ် ဘယ်ချိန်မှာ သင်တန်းသွားတယ် ဆို ပြီး ကျနော်ဆီသတင်းပို့ ပါတယ် ။။ ဒါအချက်လက်တွေအားလုံးက data ပါ။။ ဒီထဲကမှ ကျနော်သိချင် ကျနော်လိုချင်တဲ့ အကြောင်းရာက သင်တန်းသွားမယ့်အချိန် အော် ဒါက Information ပါ ..ဒီ Information ကို အသုံးချပြီ ကောင်မလေးနောက်ကိုဘယ်လိုလိုက်ရမလဲ ..ကျနော်တို့ knowldege ဆိုတာ ရကြတာပါ။(ကျနော်တော့စုံစမ်းဖူးဘူးနော်)
ဒီလိုပါပဲ အခြား ဥပမာတခုပေးရမယ်ဆို ကျောင်းတကျောင်းမှာ ကျောင်းသားပေါင်းများစွာရဲ့ကိုယ်ရေးရာဇ၀င်ရှိပါတယ် ဒါတွေက data တွေပါ။ အဲထဲကမှ အောင်အောင်ဆိုတဲ့ကျောင်းသားရဲ့ အိမ်လိပ်စာ ဖုန်းနံပါတ်လိုချင်လို့ရှာတဲ့အခါ ဒါကို Information လို့ နားလည်ရင်ဖြစ်ပါတယ်။..

Data တွေကို process လုပ်တဲ့အခါမှာ Information တွေရပါတယ်။ ရလာတဲ့ Information တွေကို process လုပ်တဲ့အခါမှာ Knowledge ဆိုတာရပါတယ်။ ခုချိန်မှာကိုလိုချင်တဲ့ data တွေဟာ information  အနေနဲ့ ရှိနေယုံမကတော့ပဲ Knowledge အနေနဲ့  ပေါများစွာရနိုင်နေပါပြီ။ လူတိုင်းလူတိုင်းဟာ Level တူလာပြီလို့ ပြောလို့ ရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ knowledge ဆိုတဲ့မြောက်များစွာသော အချက်လက်တွေဟာ အင်တာနက်ပေါ်စာအုပ်တွေပေါ်မှာပလူပျံနေပါပြီ။ ဒီပလူပျံနေတာကို လူတွေက Input လုပ်ကြပါတယ်။ လူငယ်တွေစာလေ့လာကြပါတယ်။ စာအုပ်တွေဖတ်ကြပါတယ်။ ဒါပေမယ့် သူတို့ တွေဖတ်ပြီး လေ့လာပြီးမကြာခင်မေ့လျှော့ကြပါတယ်။ ဘာကြောင့်လဲဆိုတော့သူတို့ တွေ Input သာရှိပြီး Process မလုပ်တဲ့အတွက် Output ဖြစ်တဲ့ wisdom ဥာဏ်ပညာ ဖန်တီမှု ဆိုတာမထွက်လာခဲ့ပါဘူး။ ဘာကြောင့်လဲဆိုတော့ ငယ်စဉ်ခါကတည်းက Creative thinking ဖြစ်ပေါ်စေမယ့် imagination ဆိုတဲ့ စိတ်ကလေးသေနေခဲ့လို့ ဖြစ်ပါတယ်။ (အရာရာကို တွက်ချက်တာက အစ ဂဏန်းပေါင်းစက် အားကိုးတာ ဖုန်းနံပါတ်တွေမှတ်မယ့်အစား ph မှတ်ဥာဏ်ထဲမှာပဲမှတ်ထားတဲ့အတွက် ဖုန်းနံပါတ်တွေမမှတ်မိတာ စတဲ့ စတဲ့ အုံးနှောက် အလုပ်ပေးမှုတွေနားခဲ့တဲ့အတွက် ပါ)

ကျနော်တို့ အခုချိန်မှာ Data တွေကို computerize သုံးပြီး သိမ်းဆည်းတာ ရှာဖွေတာ တွေဖြစ်နေပြီဆိုတော့ ခု Computer data ဆိုတာ ဘာတွေဖြစ်နိုင်မလဲဆိုတာ ပြောကြည့်ရအောင်။ ကွန်ပျုတာ ဒေတာတွေက စာသားဖိုင် text တွေ
video ဖိုင်တွေ သီချင်းဖိုင်တွေ ပုံတွေ ကိန်းဂဏာန်းတွေ အစရှိသဖြင့် ရှိကြပါတယ်။ Read more…

Categories: Network Tags:

Data Communications

Data Communications

ယခုကျနော်ရေးသားမည့် အကြောင်းရာဟာ အချို့လူတွေအတွက်တော့ တကယ့်ကို basically ဖြစ်နေပါလိမ့်မယ် ရယ်လည်း ရယ်ချင်စရာဖြစ်ကောင်းဖြစ်နေပါတယ် ခုမှ network environment ကိုစတင်မည့် သူ ကွန်ပျုတာ စတင်ထိတွေ့မယ့် သူငယ်ချင်းတွေကို ရယ်ရွယ်ပြီး data communication ရဲ့ အခြေခံကိုရေးသားချင်းဖြစ်ပါတယ် ကျနော်ဖတ်ဖူးတဲ့စာအုပ်များ လေ့လာဖူးတာတွေထဲက နားလည်သလိုပြန်လည်ရေးသားချင်းဖြစ်သည့်အတွက်လိုအပ်တာလေးတွေရှိမှာပါ ..ကျနော်သိသလောက်ပဲ ရေးသားလိုက်ပါတယ်..

Data Communication ဆိုတာဘာလဲ?
Data Communication ဆိုတာ device တခုနှင့် တခုကြား ကြိုး (သို့မဟုတ်) ကြိုးမဲ့ စနစ်ဖြင့် data တွေ ပေးပို့ ရယူ ခြင်းဖြစ်ပါတယ်။ ကျနော်တို့ လူတဦးနှင့်တဦး စကားပြောတာလည်း data communication ပါပဲ။ Data communication တခုဖြစ်ဖို့ဆိုရာမှာ Data တွေကို communication လုပ်မယ့် Device တွေဟာ Hardware နှင့် Software တို့ ပေါင်းစပ်ထားတဲ့ communication system တော့ဖြစ်ဖို့လိုတာပေါ့ဗျာ။ ကျနော်တို့လူတွေမှာပဲကြည့်လေ ကျနော်တို့ရဲ့  body ကြီးက သာမက ၀ိဥာဏ်ဆိုတာ ရှိနေမှ ကျနော်တို့ အသက်ရှိနေတာပေါ့ ..အသက်ရှိတဲ့လူကိုမှပဲ စကားပြောလို့ရမှာပေါ့ လူသေကိုစကားပြောလို့မှမရတာ ..။ ဒီလိုပါပဲကွန်ပျုတာ မှာလဲ hardware နှင့် software ပေါင်းစပ်မှပဲ communication လုပ်လို့ရမယ့် system တခုဖြစ်လာမှာပေါ့ .။ ပြောချင်တာက communicate လုပ်မည့် devices တွေဟာ ဒီလိုအချက်တွေလိုအပ်ပါတယ်။။ အကျိုးထိရောက်မှုရှိတဲ့ data communication system တခုဟာ delivery ,accuracy and Timeliness ဆိုတဲ့အချက်လက် သုံခုပေါ်မှာ လုံးဝ မှုတည်နေတာပါပဲ…။ Read more…

Categories: Network Tags: