Home > Uncategorized > ကျနော် သိသော Android အကြောင်း (5)

ကျနော် သိသော Android အကြောင်း (5)

How to Create a Button on Android

ဒီတပတ်တော့ Android ပေါ်မှာ Button တွေဘယ်လို တည်ဆောက်တယ်ဆိုတာလေ ကို tutorial လေးတခုပြချင်ပါတယ်။ ပြီးတော့ Android App  တခုမှာပါဝင်တဲ့ ဖိုင်တွေအကြောင်းလဲ အနည်းငယ်တင်ပြဆွေးနွေးလိုပါတယ်။

ပထမကတော့ Android installation လုပ်ပုံကို ရေးသားမလို့ ပါဘဲ။ ဒါပေမယ့်အရမ်းလဲမခက်ခဲတဲ့ အတွက် မရေးသားဖြစ်တော့တာပါ။ သင့်အနေနဲ့ Android SDK မသွင်းထားရသေးဘူးဆိုရင်တော့ http://developer.android.com/ သွားရောက်ကာ မိမိအသုံးပြုနေတဲ့ OS အလိုက် SDK ကို download ပြုလုပ်ကာ သွင်းပါ။ SDK မသွင်းခင် JDK ကို အရင်သွင်းပါ။ ဒီအဆင့်တွေက one click install တွေမို့ အဆင်ပြေမှာပါ။ ကျနော်တို့ အတွက် ပြဿနာက အရမ်းနှေးတဲ့ ကွန်နက်ရှင်မှာ platform tools တွေဒေါင်းရမယ့်ပြဿနာဖြစ်ကောင်းဖြစ်နိုင်ပါတယ်။

Android မှာ Button တခုရေးဖို့ ဘာမှမခက်လှပါဘူး android.widget.Button ဆိုတဲ့ class လေးကို သုံးပြီး သာမန် button တခုကို ရေးသားလိုက်တာပါပဲ။  ခုရေးသားမယ့် post လေးမှာတော့ button လေးကို နှိပ်ရင် web page တခုသွားမယ် ပြီးရင် Android ရဲ့ browser ပေါ်မှာ website လေးပြသမယ်ပေါ့။

ပထမဦးဆုံးအနေနဲ့  Eclipse တွင် File > New > Other > Android Project ကိုရွေးပါ။ Eclipse ကိုပထမဆုံး run ချိန်မှာသာ Android Project ကို ယခုနည်းနဲ့ ခေါ်ယူရသော်လည်း နောက်အခေါက်များမှာတော့ File > New > Android Project အဖြစ် တိုက်ရိုက် ခေါ်ယူနိုင်ပါတယ်။

(၁) New Project Prompt box (Dialog windows) တွင် ဖြည့်စွက်ရမှာတွေက အနည်းငယ် ရှင်းပြလိုပါတယ်။ ပထမဆုံး အနေနှင့် ကျနော်တို့  Project Name ကိုဖြည့်စွက်ရမှာဖြစ်ပါတယ်။ ဒီလို ပရောဂျက် နာမည်ကို သတ်မှတ်ရာမှာ ကွက်လပ်မခြားဘဲ (space မပါဝင်ပဲ) စကားလုံး တစ်လုံးတည်းဖြစ်အောင် ပေးရပါမယ်။ အကောင်းဆုံးကတော့ CamelCase Naming system ပဲဖြစ်ပါတယ်။ (CamelCase ဆိုတာကတော့ iPad ၊ iPhone  ၊ MacDonald တို့ လို့ တစ်လုံးနှင့် တလုံးကြား space ကွက်လပ်များ ပါဝင်ခြင်းမရှိပဲ စကာလုံး တစ်လုံးတည်းအဖြင့် ရေးသားတဲ့ပုံစံကို ဆိုလိုခြင်းဖြစ်ပါတယ်) ဒီလို ရေးသား နာမည်ပေးရာတွင် သက်ဆိုင်၇ာ ပရောဂျက်နှင့်လိုက်ဖတ်ဖို့ တော့လိုပါသည်။ ယခု ကျနော်တို့ ပရောဂျက်သည် button တခုစမ်းသပ်တဲ့ ပရောဂျက်ဖြစ်တဲ့အတွက် ButtonTutorial ဆိုပြီ meaningful ဖြစ်သော နာမည်မျိုးပေးသင့်ပါတယ်။ Project Name သည် Eclipse ၏ တည်ဆောက်မှု Eclipse construct ဖြစ်သည်။  Eclipse သည် အရာအားလုံးကို project များအဖြစ် သီးခြားစီခွဲထုတ် စုစည်းထားသည်။

Image


(၂) ဒီအဆင့်ပြီးတဲ့အချိန်မှာ Build Target ကိုေ၇ွးရတဲ့အဆင့်ပဲဖြစ်ပါတယ်။ build target ရွေးရတာကတော့ ကျနော်တို့ေ၇းသားတဲ့ ပရောဂျက်က မည်သည့် version အတွက် ရေးသားမှာလဲဆိုတာကို ပြောကြားမှာဖြစ်ပါတယ်။ ဥပမာ သင့်အနေနဲ့ Android version 4.0.3 အတွက်ေ၇းသားမည် app စသည်ဖြင့် သတ်မှတ်နိုင်ပါသည်။ Build Target (panel) ထဲတွင်  ကျနော်တို့ နောက်ထပ် ထပ်သွင်းထားသည့် platform များနှင့် add-on များကို list ဖြင့်ပြသမည်ဖြစ်သည်။ ကျနော်ကတော့ နောက်ဆုံးဗားရှင်း အသစ်ကိုသာရွေးလိုက်ပါမယ်။ သင့်အနေနဲ့ မိမိစိတ်ကြိုက် SDK version ကိုရွေးနိုင်ပါတယ်။ Google APIs အမည် နဲ့  target များကို မရွေး ဖို့ အကြံပြုပါရစေ။ ၄င်းတို့ သည် Android Platform အတွက် Google ၏ မူပိုင် များဖြစ်သည်။ Android ရဲ့ Open Source version များကိုသာ အသုံးပြုခြင်းက နောက်ကြောင်း ပိုရှင်းပါတယ်။ ကျနော်တို့ အနေနဲ့ copyrigh မူပိုင်ခွင့်ကိစ္စကို ပေါ့သေးသေးမထားသင့်တော့ပေ အားလုံးစဉ်းစားထားဖို့ လိုအပ်လာပြီဖြစ်ပါတယ်။)

Image

(၃) Project ရဲ့  properties များကို ဖြည့်စွက်ရတဲ့အခါ application name ဟာ system နဲ့ မသက်ဆိုင်တဲ့အတွက် ကိုယ်ပေးချင်တဲ့ application name ကိုကြိုက်နှစ်သက်သလို စာလုံးအထားအသိုပဲဖြင့်ဖြင့်  (space)ပါပြီးတော့ပဲဖြင့်ဖြင့် ပေးနိုင်ပါတယ်။ အပေါ်မှာပြောခဲ့သလို Meaningful ဖြစ်ဖို့ တော့လိုတာပေါ့နော်။

(၄) Package Name ဟာ Java ရဲ့ အရေးပါတဲ့တည်ဆောက်မှု  (Java Contract) တခုဖြစ်ပါတယ်။ နားလည်အောင်ပြောရရင် တော့ Folder တခုနဲ့ ဆင်တူပါတယ်။ ကျနော်တို့ က သက်ဆိုင်ရာ Folder တွေထဲမှာ သက်ဆိုင်ရာ files တွေကို စုစည်းသိမ်းဆည်းပါတယ်။ flies တွေကို Java ရဲ့  classes များအဖြင့် မြင်နိုင်ပါတယ်။ ဒီတော့ ကျနော်တို့ က  folder ကို လုပ်ပိုင်ခွင့် (permission) ကန့် သတ်တာပဲဖြင့်ဖြင့် ဘာပဲ လုပ်လုပ် အထဲက ဖိုင်တွေကိုပါ သက်ရောက်ပါတယ်။ အထဲက fliel လိုချင်ရင် folder ကို အရင်ဖွင့် ခေါ်သုံးရသလိုပေါ့။Java programming မှာ source code တွေကို package များအဖြစ် သီးခြားစွာခွဲထုတ် စုစည်းပါတယ်။ ဒါကြောင့် Package တွေဟာ အလွန်ကို အေ၇းပါ ပါတယ်။ဘာကြောင့်လဲဆိုတော့ ကိုယ့်ပရောဂျက် ထဲမှာရှိတဲ့ Java class မျိုးစုံကြားထဲမှာ Object များကို class အချင်းချင်း တွေ့ စေသတ်မှတ်ထားတာကြောင့်ဖြစ်ပါတယ်။ Android မှာလဲ package များဟာ apps တွေကို sign လုပ်ရာတွင်အရေးပါပါတယ်။ Android developer အများစုကတော့ package name တွေကို သူတို့ website domain name တွေရဲ့ ပြောင်ပြန်ပုံစံနဲ့ ပေးလေ့ရှိပါတယ်။ ဥပမာ m51a.com ဆိုပါတော့ သူတို့ ရေးသားမယ် apps ကို com.m51a.ButtonTutorial အစရှိသဖြင့် ပေးကြပါတယ်။ com.example.yourappName ပေါ့။

Image

(၅) Min SDK Version ဆိုတာက  အနှိပ်ဆုံး minimum Android version ကို API level ဖြင့် ဖော်ပြလေ့ရှိတာကိုပြောတာပါ။ ကိုယ့် app ကို run မည့် device ၇ဲ့  လိုအပ်ချက် (spec) ဖြစ်ပါတယ်။ API နှိပ်နိုင်သမျှ နိပ်လေ ကိုယ့် app ကို version အတော်များများမှာသုံးနိုင်လေဖြစ်မှာပါ။

ကဲ ဒါဆို အပေါ်မှာပြောခဲ့တဲ့အတိုင်း ပထမဦးဆုံး  File > New > Other > Android Project ကိုရွေးပါ ပြီးရင်တော့ Project Name မှာ ButtonTutorial လို့ ပေးလိုက်ပါ။ ပြီးရင် ကိုယ် app ဘယ် version မှာ run မယ်ဆိုတာ Target ရွေးပါ။ ပြီးရင်တော့ Application Name ကို အပေါ်မှာပြောခဲ့သလို မိမိစိတ်ကြိုက်ပေးလို့ ရပါတယ်။ Project name သာ space ပါဝင်လို့ မရတာပါ။ Default အနေနဲ့ တော့ project name လာပေါ်နေပါလိမ့်မယ်။ ခုက tutorial မို့  ပြင်ချင်လဲ ပြင် မပြင်ချင်လဲဒီတိုင်းထားခဲ့လိုက်လို့ ရပါတယ်။ Package name ကိုတော့ ကျနော်ကတော့ com.m51a.ButtonTutorial လို့ ပေးထားလိုက်ပါတယ်။ min SDK version ကိုလဲ မိမိ နှစ်သက် သလိုသာရွေးချယ်ပါ။ ဘယ်လိုဘာကြောင့်ရွေးရသလဲဆိုတာ အပေါ်မှာရှင်းပြထားပြီးဖြစ်ပါတယ်။

အဆင့် (၁) အနေနဲ့  Button ကို ပေါ်အောင် XML file မှာ ရေးသားဖို့ လိုပါတယ်။ ပထမဆုံး res/layout/main.xml ကိုဖွင့်ပြီး ရေးသားပါမယ်။

<?xml version=”1.0″ encoding=”utf-8″?>
<LinearLayout xmlns:android=”http://schemas.android.com/apk/res/android&#8221;
android:layout_width=”fill_parent”
android:layout_height=”fill_parent”
android:orientation=”vertical” >

<Button
android:id=”@+id/button1″
android:layout_width=”wrap_content”
android:layout_height=”wrap_content”
android:text=”Button – Go to M51a.com” />
</LinearLayout>

ယခုအတိုင်းပြင်ဆင် ရေးသားလိုက်ပါတယ်။

Image

Layout file သည် screen ပေါ်တွင် ပေါ်နေ သည် button တွေ ပုံတွေ စာသားတွေ စတာတွေပုံ ပုံစံချ အခင်းအကျင်းကိုသတ်မှတ်သည့် ဖိုင်ဖြင့်သည်။ အရိုးရှင်းဆုံးပြောရလျှင်တော့ ဒီဇိုင် အခင်းအကျင်း သတ်မှတ်တဲ့ဖိုင်ဖြစ်ပါတယ်။ mobile device တွေမှာ သုံးစရာ ပြသစရာ screen တွေကလဲ ဒီတခုတည်းရှိတော့ Desktop apps တွေမှာလို form အမျိုးမျိုးကို ပြသနိုင်ခြင်းမျိုးမရှိပါဘူး။ ဒီလို ဒီဇိုင်းချထားတဲ့ object တွေကို နောက်ကွယ်က Java file က မောင်းနှင်နေတာပဲဖြစ်ပါတယ်။ ခု ကျနော်တို့ screen ပေါ်မှာ ပေါ်ဖို့ ရာအတွက် အပေါ်က code များကြောင့်ဖြစ်ပေါ်လာရတာပါ။  Button တခုကို ရေးသားထားပြီး id တခုပေးထားပါတယ်။ ပြီးတော့ width နှင့် height ကိုသတ်မှတ်ထားပြီး Button  ပေါ်မှာ Go to M51a.com လို့ ရေးသားထားပါတယ်။

နောက်တဆင့်အနေဖြင့်  src  ထဲက com.m51a.ButtonTutorial Package ထဲမှ ButtonTutorialActivity.java ဖိုင်ကို အောက်ပါအတိုင်းပြင်ဆင်ရေးသားပါမယ်။

package com.m51a.ButtonTutorial;

import android.app.Activity;
import android.content.Intent;
import android.net.Uri;
import android.os.Bundle;
import android.widget.Button;
import android.view.View;
import android.view.View.OnClickListener;

public class ButtonTutorialActivity extends Activity {
/** Called when the activity is first created. */
Button button;
@Override
public void onCreate(Bundle savedInstanceState) {
super.onCreate(savedInstanceState);
setContentView(R.layout.main);

addListenerOnButton();
}

public void addListenerOnButton(){
button = (Button) findViewById(R.id.button1);
button.setOnClickListener(new OnClickListener(){

public void onClick(View arg0){

Intent browserIntent =
new Intent(Intent.ACTION_VIEW, Uri.parse(“http://www.m51a.com&#8221;));
startActivity(browserIntent);
}
});

}
}

save လုပ်က Run ကြည်ပါ။ Java Source code file   Andorid app အတွက်အရာရာကို ကို မောင်းနှင်သော ဖိုင်လို့ ပြောလို့ ရပါတယ်။ ၄င်း file ကို Dalvik Executable ပြောင်းလဲကာ app ကို run တာဖြစ်ပါတယ် ယခင် အပိုင်းများမှာလဲ compilation များအကြောင်းကို ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

mainfest file ကတော့ app တွင် မည်သည့် တို့ ပါဝင်သည် အဓိက buliding block များမှာ မည်သည်တို့ ဖြစ်သည် မည်သို့ သော သတ်မှတ်ချက်မျာလိုအပ်သည် စသည်တို့ ကို ရှင်းပြထားသော component အားလုံးကို ပေါင်းစည်ချိတ်ဆက်ပေးတဲ့ စာရင်းဖိုင် တဖိုင်လို့ ပြောလို့ ရပါတယ်။

ဒါကတော့ ခု tutorial ရဲ့ MainFest XML ဖိုင်ကို ရေးသားထားတာပဲဖြစ်ပါတယ်။

<?xml version=”1.0″ encoding=”utf-8″?>
<manifest xmlns:android=”http://schemas.android.com/apk/res/android&#8221;
package=”com.m51a.ButtonTutorial”
android:versionCode=”1″
android:versionName=”1.0″ >

<uses-sdk android:minSdkVersion=”15″ />

<application
android:icon=”@drawable/ic_launcher”
android:label=”@string/app_name” >
<activity
android:name=”.ButtonTutorialActivity”
android:label=”@string/app_name” >
<intent-filter>
<action android:name=”android.intent.action.MAIN” />

<category android:name=”android.intent.category.LAUNCHER” />
</intent-filter>
</activity>
</application>

</manifest>

အနည်းငယ်ဖတ်ကြည့်ရင် နားလည်မယ်လို့ မျှော်လင့်ပါတယ်။

Strings Files ကတော့ app တခုလုံးမှာ ပါရှိသမျှစာသားတွေကို သိမ်းဆည်းတဲ့ XML ဖိုင်လ် တစ်ဖိုင်ဖြစ်ပါတယ်။ ဆိုလိုသည်မှာ Layout XML ဖိုင်လ်မှာ button တွေ text area တွေ lable စတဲ့ widget  တွေ ရဲ့ အခင်းအကျင်းများ သက်သက်သာ သက်ဆိုင်ပြီး String XML file ကတော့ widget တွေမှာ ပါဝင်တဲ့ စာသားများ ၄င်းတို့ ၏ အမည် နာမတွေ တွေဖြင့်တဲ့ button တို့ ၏ နာမည်များ Lable များ default text များ နှင့် အလားတူ အခြားစာသားများကို သီးသန့် သိမ်းဆည်းတဲ့ ဖိုင် တခုဖြစ်ပါတယ်။

<?xml version=”1.0″ encoding=”utf-8″?>
<resources>

<string name=”hello”>Hello World, ButtonTutorialActivity!</string>
<string name=”app_name”>ButtonTutorial</string>

</resources>

R file ကတော့ java srource code များနှင့် resource  တွေကိုကြားမှ ပေါင်းကူးပေးတဲ့ ဖိုင်မျိုးဖြစ်ပါတယ်။ R file သည် အလိုအလျှောက် ဖန်တီးသောဖိုင်ဖြစ်ပါတယ် ဒါကြောင့် ၄င်းကို ပြင်ဆင်ဖို့ မလိုအပ်ပါဘူး။ ဥပမာ ပုံတပုံထပ်တိုးလိုက်တာ xml ဖိုင်လ် တစ် ဖိုင်လ် ထပ်တိုးလိုက်ခြင်း စတဲ့ res  (folder) တွင်းပြောင်းလဲမှုပြုလုပ်တိုင်း R file ကို အလို အလျှောက် အသစ် ပြန်လည် တည်ဆောက်ပါတယ်။ တခါတလေမှာတော့ R file အတွင်းမှ data ကိုယူသုံးကြပေမယ့် Eclipse IDE ကသာ အလိုအလျှာက်လုပ်ပေးတာများပါတယ်။

/* AUTO-GENERATED FILE.  DO NOT MODIFY.
*
* This class was automatically generated by the
* aapt tool from the resource data it found.  It
* should not be modified by hand.
*/

package com.m51a.ButtonTutorial;

public final class R {
public static final class attr {
}
public static final class drawable {
public static final int ic_launcher=0x7f020000;
}
public static final class id {
public static final int button1=0x7f050000;
}
public static final class layout {
public static final int main=0x7f030000;
}
public static final class string {
public static final int app_name=0x7f040001;
public static final int hello=0x7f040000;
}
}

Emulator  ဆိုတာ ကျနော် ပထမ အပိုင်းတွေမှာ ဆွေးနွေးခဲ့သလို Android Developer တစ်ဦးအနေနဲ့ မိaptးသားထားတဲ့ Android Apps များကိုစမ်းသက်ဖို့ Android device တလုံးမ၀ယ်နိုင်လဲဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ Emulator ကြောင့်ပါပဲ။ ကျနော်တို့ ရဲ့ ရေးပြီးသား Apps ပဲဖြင့်ဖြင့် သူများရဲ့ Apps ကိုစမ်းသပ်လိုတာပဲဖြင့်ဖြင့် Apps များကို Mobile deveice ပေါ်တွင် run သည်နှင့် Emulator တခုပေါ်တွင် run သည်မှာ မည်သို့ မျှ မခြားနားလှပါ။ Mobile device တခုကဲ့သို့ လုပ်ဆောင်နိုင်အောင် တီထွင်ထားတာမျိုးဖြစ်ပါတယ်။ အတုဆိုသော်လည်း devices ပေါ်တွင် Machine အလွှာ တိုင်သည့် အထိ run သော code များကိုပင် run ပေးနိုင်ပါတယ်။ ဒီနေ ရာမှာ ကျနော် အနေနဲ့ ထပ်မံ ဆွေးနွေးလိုတာက Simulator နှင့် Emulator တို့ ရဲ့ ကွားခြားချက်ပဲဖြစ်ပါတယ်။ ၄င်းတို့ (၂) ခုမှာ အခေါ်အဝေါ်အားဖြင့် နီးစပ်သော်လည်း အလုပ်လုပ်ပုံခြင်းမှာ အခြေခံမှစပြီး လုံးဝကွာခြားပါသည်။ Emulator တွေကတော့ binary code ကို execute လုပ်ပေးပါခြင်း ဖြစ်၍ Emulator သည် virtual machine/ virtual device ဖြစ်ပါတယ်။ Simulator ဆိုသည်ကတော့ binary code  ထိအောင် မဆင်းဘဲ high level မှာတွင်သာလျှင် code တစ်ခု၏ လုပ်ဆောင်ချက်ကို တုပဖန်တီးပေးခြင်းဖြစ်သည်။

 

Ref : The Basic Principle of Developing Android Applications (Sayar Win Hein);

Categories: Uncategorized
  1. No comments yet.
  1. No trackbacks yet.

Leave a comment